my_tn/rom/03/21.md

3.8 KiB

ဆက်စပ်မှုဖော်ပြချက်

"ယခုမူကား" ဟူသည့်စကားလုံးသည် ရှင်ပေါလုမှ မိတ်ဆက်ခြင်းပြီးစီး၍ အဓိကအချက်ကို စပြောတော့မည်ဟုအချက်ပြခြင်း ဖြစ်သည်။

ယခုမူကား

"ယခုမူကား"ဟူ သည် ယေရှုလောကကို ကြွလာသည့်နောက်ပိုင်း အချိန်ကို ရည်ညွှန်းသည်။

ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော

အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ပညတ်တရားကို လိုက်လျှောက်ခြင်းအားဖြင့် မဟုတ်ဘဲ သူနှင့်မှန်ကန်နိုင်သည့် နည်းလမ်းကို ဘုရားသခင်သည် ထင်ရှားစေပြီးဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည်

ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းသည် မောရှေနှင့်အခြားပရောဖက်များက ယုဒကျမ်းစာများတွင် ရေးထားသည့် သမ္မာကျမ်းစာ အစိတ်အပိုင်းကို ရည်ညွှန်းသည်။ ၎င်းစာများသည် တရားရုံးတွင် သက်သက်ထွက်ဆိုနေသည့် လူများအလား ရှင်ပေါလုဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "မောရှေနှင့် အခြားပရောဖက်များရေးသားခဲ့သောအရာများသည် ဤအရာများကို မှန်ကန်ကြောင်း ခိုင်မာစေသည်။" (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-activepassive]])

ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား

ဖြောင့်မတ်ခြင်းတရားသည် ဘုရားသခင်နှင့် မှန်ကန်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ယေရှုခရစ်တော်ကို ကိုးစားခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်ခြင်း။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ခြားနားခြင်း အလျှင်းမရှိ

ဘုရားသခင်သည် လူသားအားလုံးကို ညီတူညီမျှ လက်ခံကြောင်း ရှင်ပေါလု ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ယုဒလူနှင့် တပါးအမျိုးသားများကြားတွင် ကွဲပြားခြင်း အလျင်းမရှိ။" (ရှု၊ rc://*/ta/man/translate/figs-explicit)