# ဆက်စပ်မှုဖော်ပြချက် "ယခုမူကား" ဟူသည့်စကားလုံးသည် ရှင်ပေါလုမှ မိတ်ဆက်ခြင်းပြီးစီး၍ အဓိကအချက်ကို စပြောတော့မည်ဟုအချက်ပြခြင်း ဖြစ်သည်။ # ယခုမူကား "ယခုမူကား"ဟူ သည် ယေရှုလောကကို ကြွလာသည့်နောက်ပိုင်း အချိန်ကို ရည်ညွှန်းသည်။ # ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ပညတ်တရားကို လိုက်လျှောက်ခြင်းအားဖြင့် မဟုတ်ဘဲ သူနှင့်မှန်ကန်နိုင်သည့် နည်းလမ်းကို ဘုရားသခင်သည် ထင်ရှားစေပြီးဖြစ်သည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့သည် သက်သေခံသည် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းသည် မောရှေနှင့်အခြားပရောဖက်များက ယုဒကျမ်းစာများတွင် ရေးထားသည့် သမ္မာကျမ်းစာ အစိတ်အပိုင်းကို ရည်ညွှန်းသည်။ ၎င်းစာများသည် တရားရုံးတွင် သက်သက်ထွက်ဆိုနေသည့် လူများအလား ရှင်ပေါလုဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "မောရှေနှင့် အခြားပရောဖက်များရေးသားခဲ့သောအရာများသည် ဤအရာများကို မှန်ကန်ကြောင်း ခိုင်မာစေသည်။" (ရှု၊ [[rc://*/ta/man/translate/figs-personification]] and [[rc://*/ta/man/translate/figs-activepassive]]) # ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြောင့်မတ်ခြင်းတရားသည် ဘုရားသခင်နှင့် မှန်ကန်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ယေရှုခရစ်တော်ကို ကိုးစားခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်ခြင်း။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # ခြားနားခြင်း အလျှင်းမရှိ ဘုရားသခင်သည် လူသားအားလုံးကို ညီတူညီမျှ လက်ခံကြောင်း ရှင်ပေါလု ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ယုဒလူနှင့် တပါးအမျိုးသားများကြားတွင် ကွဲပြားခြင်း အလျင်းမရှိ။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])