my_tn/rom/03/01.md

2.9 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုက ယုဒလူများသည် ဘုရားသခင် ပေးထားသော ပညတ်တော်ကို သိကြသောကြောင့် သူတို့တွင် အားသာချက် ရှိကြောင်းကို ပြောကြားသည်။

ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း

ရှင်ပေါလုသည် သူ့စာကို လက်ခံသူများစိတ်ဝင်စားအောင် ဤမေးခွန်းများကို မေးခြင်းဖြစ်သည်။ ပြင်းထန်သည့် ဖော်ပြချက်အဖြစ် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ထိုသို့ဆိုလျှင် ယုဒလူများသည် သူတို့ အကျိုးရမည်ဟု ဘုရားသခင် ကတိထားခဲ့သော်လည်း ဘုရားသခင်၏ ပဋိညာဉ်တရားမှ အကျိုးမရကြ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အထွေထွေသော အကျိုးများစွာရှိ၏

အခြားသော ဘာသာပြန်ဆိုချက်မှာ၊ "အကျိုးပြုမှုများစွာ ဖြစ်စေခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ရှေးဦးစွာ

ဖြစ်နိုင်သည့်အဓိပ္ပါယ်များမှာ (၁) "အချိန်အပိုင်းအခြားအလိုက်" သို့မဟုတ် (၂) အသေချာဆုံး (UDB) သို့မဟုတ် အရေးအကြီးဆုံး အနေဖြင့်။

ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏

"ဗျာဒိတ်တော်" ဟူသည် ဘုရားသခင်၏ စကားတော်များနှင့် ကတိတော်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် ယုဒလူများကို သူ၏ ကတိတော်များ ပါဝင်သည့် စကားတော်များကို ပေးခဲ့သည်" (ရှု၊ [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/figs-activepassive]])