my_tn/rom/03/01.md

20 lines
2.9 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ဆက်စပ်မှုဖော်ပြချက်
ရှင်ပေါလုက ယုဒလူများသည် ဘုရားသခင် ပေးထားသော ပညတ်တော်ကို သိကြသောကြောင့် သူတို့တွင် အားသာချက် ရှိကြောင်းကို ပြောကြားသည်။
# ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း
ရှင်ပေါလုသည် သူ့စာကို လက်ခံသူများစိတ်ဝင်စားအောင် ဤမေးခွန်းများကို မေးခြင်းဖြစ်သည်။ ပြင်းထန်သည့် ဖော်ပြချက်အဖြစ် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ထိုသို့ဆိုလျှင် ယုဒလူများသည် သူတို့ အကျိုးရမည်ဟု ဘုရားသခင် ကတိထားခဲ့သော်လည်း ဘုရားသခင်၏ ပဋိညာဉ်တရားမှ အကျိုးမရကြ" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# အထွေထွေသော အကျိုးများစွာရှိ၏
အခြားသော ဘာသာပြန်ဆိုချက်မှာ၊ "အကျိုးပြုမှုများစွာ ဖြစ်စေခဲ့သည်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# ရှေးဦးစွာ
ဖြစ်နိုင်သည့်အဓိပ္ပါယ်များမှာ (၁) "အချိန်အပိုင်းအခြားအလိုက်" သို့မဟုတ် (၂) အသေချာဆုံး (UDB) သို့မဟုတ် အရေးအကြီးဆုံး အနေဖြင့်။
# ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏
"ဗျာဒိတ်တော်" ဟူသည် ဘုရားသခင်၏ စကားတော်များနှင့် ကတိတော်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် ယုဒလူများကို သူ၏ ကတိတော်များ ပါဝင်သည့် စကားတော်များကို ပေးခဲ့သည်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]] and [[rc://*/ta/man/translate/figs-activepassive]])