my_tn/psa/089/035.md

3.0 KiB

ငါ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ

ထာဝရဘုရားသည် ကျိန်ဆိုခြင်းကို ပြုရာတွင် သူ၏ သန့်ရှင်းခြင်းကို အခြေခံ၍ ပြောဆိုသည်။ သူကတိပေးထားသည့်အတိုင်း ဆက်ဆက်လုပ်ဆောင်မည်ဟု အဓိပ္ပါယ်ရှိသည်။

သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်

အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ ပလ္လင်သည် နေမဝင်ပလ္လင်တော် အဖြစ် တည်စေမည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

သူ၏ပလ္လင်

"ပလ္လင်" သည် ဘုရင်၏ အုပ်စိုးခွင့်ကို ရည်ညွှန်းသည်။ ဘုရားသခင်သည် ဒါဝိဒ်၏ အမျိုးအနွယ်မှ ဘုရင်အရာကို အစဉ် ဆက်ခံရမည်ဟု ကတိပေးထားသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါ့ရှေ့၌ နေကဲ့သို့

ဘုရားသခင်သည် ဒါဝိဒ်၏ အုပ်စိုးခြင်းကို နေမင်းကဲ့သို့ နောက်နောင်တွင် တက်လာမည့် သူများလည်း တောက်ပနေစေမည် ဟု ဖော်ပြသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

အစဉ်အမြဲ တည်ရ မည်

ကတ္တားဝါကျပုံစံဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အစဉ်အမြဲ တည်နေစေမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လကဲ့သို့၎င်း

ဘုရားသခင်သည် ဒါဝိဒ်၏ အုပ်စိုးခြင်းကို လမင်းကဲ့သို့ အစဉ်အဆက် တည်စေမည် ဟူသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

မိုဃ်းကောင်းကင်၌ သစ္စာစောင့် သော သက်သေကဲ့သို့၎င်း

လမင်းကို သက်သေအနေဖြင့် ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လမင်းသည် မိုးကောင်းကင်အတွက် သစ္စာရှိသော သက်သေဖြစ်သည့်အတွက်" (ရှု၊ rc://*/ta/man/translate/figs-personification)