my_tn/psa/089/035.md

28 lines
3.0 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ငါ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ
ထာဝရဘုရားသည် ကျိန်ဆိုခြင်းကို ပြုရာတွင် သူ၏ သန့်ရှင်းခြင်းကို အခြေခံ၍ ပြောဆိုသည်။ သူကတိပေးထားသည့်အတိုင်း ဆက်ဆက်လုပ်ဆောင်မည်ဟု အဓိပ္ပါယ်ရှိသည်။
# သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်
အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ ပလ္လင်သည် နေမဝင်ပလ္လင်တော် အဖြစ် တည်စေမည်" (ရှု၊ [[rc://*/ta/man/translate/figs-ellipsis]])
# သူ၏ပလ္လင်
"ပလ္လင်" သည် ဘုရင်၏ အုပ်စိုးခွင့်ကို ရည်ညွှန်းသည်။ ဘုရားသခင်သည် ဒါဝိဒ်၏ အမျိုးအနွယ်မှ ဘုရင်အရာကို အစဉ် ဆက်ခံရမည်ဟု ကတိပေးထားသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# ငါ့ရှေ့၌ နေကဲ့သို့
ဘုရားသခင်သည် ဒါဝိဒ်၏ အုပ်စိုးခြင်းကို နေမင်းကဲ့သို့ နောက်နောင်တွင် တက်လာမည့် သူများလည်း တောက်ပနေစေမည် ဟု ဖော်ပြသည်။ (ရှု၊ [[rc://*/ta/man/translate/figs-simile]])
# အစဉ်အမြဲ တည်ရ မည်
ကတ္တားဝါကျပုံစံဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အစဉ်အမြဲ တည်နေစေမည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# လကဲ့သို့၎င်း
ဘုရားသခင်သည် ဒါဝိဒ်၏ အုပ်စိုးခြင်းကို လမင်းကဲ့သို့ အစဉ်အဆက် တည်စေမည် ဟူသည်။ (ရှု၊ [[rc://*/ta/man/translate/figs-simile]])
# မိုဃ်းကောင်းကင်၌ သစ္စာစောင့် သော သက်သေကဲ့သို့၎င်း
လမင်းကို သက်သေအနေဖြင့် ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လမင်းသည် မိုးကောင်းကင်အတွက် သစ္စာရှိသော သက်သေဖြစ်သည့်အတွက်" (ရှု၊ [[rc://*/ta/man/translate/figs-personification]])