my_tn/psa/076/001.md

2.2 KiB

ယေဘုယျ အချက်အလက်

အလားတူ အချက်များကို ဟေဗြဲကဗျာများ၌ တွေ့ရတတ်သည်။ (ရှု၊ [[rc:///ta/man/translate/writing-poetry]] နှင့် [[rc:///ta/man/translate/figs-parallelism]])

သီချင်းဦးဆောင်သူအတွက်

N/A

ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏

"ယုဒပြည်သူပြည်သားများအား ဘုရားသခင် အကြောင်းကို သိစေမည်" သို့မဟုတ် "ယုဒပြည်တလွှား ကျော်ကြားစေမည်"

ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏

ပြန်ဆို၊ "ဣသရေလ လူမျိုးတို့သည် သူ၏ ကောင်းမြတ်ခြင်းနှင့် တန်ခိုးကြီးခြင်းကို သိမှတ်ကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကျိန်းဝပ်လျက် နေတော်မူ၏

"မိမိနေထိုင်ရန် ရွေးချယ်ထားသော အရပ်"

ကြိုးတပ်တူရိယာ

လူမျိုးတိုင်း ထိုဆာလံသီချင်းကို ကြိုးတပ်တူရိယာအသုံးပြု၍တီးခတ်သင့်သည်။

ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ

ဤစကားစုက ဘုရားသခင်သည် သူ၏ လူမျိုးတော်တို့အား ရန်သူများ၏ ခြိမ်းခြောက်မှုဘေးမှ ကင်းလျက် လုံခြုံစွာ နေရမည့် အဖြစ်ကို ရည်ညွှန်းဆိုလိုခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor