my_tn/oba/01/03.md

3.5 KiB

ယေဘုယျ အချက်အလက်

ဧဒုံပြည်နှင့် ပတ်သက်သော ဩဗဒိ၏ ဗျာဒိတ်ရူပါရုံဖြစ်သည်။

သင်၏မာနသည်

ထာဝရဘုရားသည် လူတစ်ဦး၏ စိတ်ခံစားမှုနှင့် ဆက်စပ်သော လူတစ်ဦး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို အသုံးပြုပြီး ဧဒုံပြည်ရှိလူများ၏ မာနကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်

"ကျောက်ဆောင်များ၏ အက်ကြောင်းများထဲတွင်"

မြင့်သောအရပ်ကို ခိုလှုံလျက်

"မြင့်သောအရပ်တွင် ဆောက်လုပ်ထားသော သင်၏ အိမ်"

ငါ့ကို အဘယ်သူသည် ‌‌မြေသို့ နှိမ့်ချနိုင်သနည်းဟု

ဧဒုံလူမျိုးတို့သည် လုံခြုံသည်ဟု ထင်မှတ်ပြီး မာန်မာနထောင်လွှားခြင်းကိုဖော််ပြသောမေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် တိုက်ခိုက်သူများ၏ အန္တရာယ်မှ လုံခြုံသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း

ဤကျမ်းပိုဒ်များသည် ဧဒုံပြည်သည် ဖြစ်နိုင်သောအရာထက် ပိုမိုမြင့်သောနေရာ၌ ဆောက်လုပ်ထားခြင်းကို ပြောလိုခြင်းဖြစ်ပြီး၊ အလွန်မြင့်သောနေရာ၌ ဆောက်လုပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-hyperbole]] and [[rc:///ta/man/translate/figs-parallelism]])

ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု

မာန်မာနသည် မြင့်မားခြင်း၊ နှိမ့်ချခြင်းနှင့် ဆက်စပ်နွယ်ပြီး၊ နှိမ့်ကျခြင်းနှင့်လည်း ဆက်စပ်သည်။ ဧဒုံလူမျိုးများကို နှိမ့်သောအရပ်သို့ ယူဆောင်၍ နှိမ့်ကျစေမည်ဟု ထာဝရဘုရား ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သင့်တို့ကို နှိမ့်ကျစေမည်" (ရှု၊ rc://*/ta/man/translate/figs-idiom)