# ယေဘုယျ အချက်အလက် ဧဒုံပြည်နှင့် ပတ်သက်သော ဩဗဒိ၏ ဗျာဒိတ်ရူပါရုံဖြစ်သည်။ # သင်၏မာနသည် ထာဝရဘုရားသည် လူတစ်ဦး၏ စိတ်ခံစားမှုနှင့် ဆက်စပ်သော လူတစ်ဦး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို အသုံးပြုပြီး ဧဒုံပြည်ရှိလူများ၏ မာနကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-synecdoche]]) # ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက် "ကျောက်ဆောင်များ၏ အက်ကြောင်းများထဲတွင်" # မြင့်သောအရပ်ကို ခိုလှုံလျက် "မြင့်သောအရပ်တွင် ဆောက်လုပ်ထားသော သင်၏ အိမ်" # ငါ့ကို အဘယ်သူသည် ‌‌မြေသို့ နှိမ့်ချနိုင်သနည်းဟု ဧဒုံလူမျိုးတို့သည် လုံခြုံသည်ဟု ထင်မှတ်ပြီး မာန်မာနထောင်လွှားခြင်းကိုဖော််ပြသောမေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် တိုက်ခိုက်သူများ၏ အန္တရာယ်မှ လုံခြုံသည်" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]]) # သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း ဤကျမ်းပိုဒ်များသည် ဧဒုံပြည်သည် ဖြစ်နိုင်သောအရာထက် ပိုမိုမြင့်သောနေရာ၌ ဆောက်လုပ်ထားခြင်းကို ပြောလိုခြင်းဖြစ်ပြီး၊ အလွန်မြင့်သောနေရာ၌ ဆောက်လုပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-hyperbole]] and [[rc://*/ta/man/translate/figs-parallelism]]) # ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု မာန်မာနသည် မြင့်မားခြင်း၊ နှိမ့်ချခြင်းနှင့် ဆက်စပ်နွယ်ပြီး၊ နှိမ့်ကျခြင်းနှင့်လည်း ဆက်စပ်သည်။ ဧဒုံလူမျိုးများကို နှိမ့်သောအရပ်သို့ ယူဆောင်၍ နှိမ့်ကျစေမည်ဟု ထာဝရဘုရား ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သင့်တို့ကို နှိမ့်ကျစေမည်" (ရှု၊ [[rc://*/ta/man/translate/figs-idiom]])