my_tn/neh/09/16.md

2.3 KiB

ဆက်စပ်မှု ဖော်ပြချက်

ဣသရေလ အမျိုးတို့ရှေ့၌ လေဝိသားများကထာဝရဘုရားကို ဆက်လက် ချီးမွမ်းသည်။

အကျွန်ုပ်တို့ ဘိုးဘေးတို့

မောရှေလက်ထက်နှင့် မောရှေလွန်ပြီး ဣသရေလ အမျိုးများ

ခိုင်မာသော လည်ပင်းနှင့် . . . လည်ပင်းခိုင်မာသည် ဖြစ်၍

"ခိုင်မာသော လည်ပင်း" ဟု တိုက်ရိုက် ပြန်ဆိုနိုင်သည်။ သို့ရာတွင်၊ ပြန်ဆိုမည့် ဘာသာစကား၌ ခေါင်းမာမှုနှင့် သက်ဆိုင်သည့် အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှုတို့

"သူတို့၌ ပြုတော်မူသော အံ့ဘွယ်အမှုတို့"

ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကို ချီးမြှောက်ကြ၏

"ကျွန်ဘဝသို့ ပြန်လည် ခေါ်ဆောင်မည့် ခေါင်းဆောင်တဦးကို ချီးမြှောက်ကြ၏"

အပြစ်ကို ဖြေတတ်သောဘုရား

အခြားသော ဘာသာပြန်ဆိုချက်၊ "ခွင့်လွှတ်ခြင်းနှင့် ပြည့်သောဘုရား" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသောဘုရား

အခြားသော ဘာသာပြန်ဆိုချက်၊ "ချစ်ခြင်းမေတ္တာ၌ ကြွယ်သောဘုရား" (ရှု၊ rc://*/ta/man/translate/figs-metaphor)