# ဆက်စပ်မှု ဖော်ပြချက် ဣသရေလ အမျိုးတို့ရှေ့၌ လေဝိသားများကထာဝရဘုရားကို ဆက်လက် ချီးမွမ်းသည်။ # အကျွန်ုပ်တို့ ဘိုးဘေးတို့ မောရှေလက်ထက်နှင့် မောရှေလွန်ပြီး ဣသရေလ အမျိုးများ # ခိုင်မာသော လည်ပင်းနှင့် . . . လည်ပင်းခိုင်မာသည် ဖြစ်၍ "ခိုင်မာသော လည်ပင်း" ဟု တိုက်ရိုက် ပြန်ဆိုနိုင်သည်။ သို့ရာတွင်၊ ပြန်ဆိုမည့် ဘာသာစကား၌ ခေါင်းမာမှုနှင့် သက်ဆိုင်သည့် အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-idiom]]) # သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှုတို့ "သူတို့၌ ပြုတော်မူသော အံ့ဘွယ်အမှုတို့" # ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကို ချီးမြှောက်ကြ၏ "ကျွန်ဘဝသို့ ပြန်လည် ခေါ်ဆောင်မည့် ခေါင်းဆောင်တဦးကို ချီးမြှောက်ကြ၏" # အပြစ်ကို ဖြေတတ်သောဘုရား အခြားသော ဘာသာပြန်ဆိုချက်၊ "ခွင့်လွှတ်ခြင်းနှင့် ပြည့်သောဘုရား" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသောဘုရား အခြားသော ဘာသာပြန်ဆိုချက်၊ "ချစ်ခြင်းမေတ္တာ၌ ကြွယ်သောဘုရား" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])