my_tn/neh/03/28.md

3.6 KiB

မြင်းတံခါးအထက်

ဤနေရာတွင် "အထက်" ဟူသောစကားလုံးကို သုံးထားသည်။ အဘယ်ကြောင့်ဆိုသော် ယဇ်ပုရောဟိတ်တို့၏ အိမ်များသည် မြင်းတံခါးဂိတ်ထက် မြင့်မားသောနေရာတွင် တည်ရှိသောကြောင့်ဖြစ်သည်။

ယဇ်ပုရောဟိတ်တို့သည် ပြင်ကြ ၏ --- မိမိတို့နေရာအိမ် တဘက်တချက်၌ အသီးအသီးပြင်ကြ ၏ --- အရှေ့တံခါးမှူး ပြင်၏ --- သူ့နောက်မှ ပြင်ကြ၏ --- မိမိအိပ်ရာခန်းတဘက် တချက်၌ ပြင်၏

ဤစကားစုသည် မြို့ရိုးပြုပြင်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်တို့သည် မြို့ရိုးကို ပြင်ကြ၏ --- မိမိတို့ နေရာအိမ် တဘက်တချက်၌ အသီးအသီးပြင်ကြ၏ --- အရှေ့တံခါးမှူးသည် မြို့ရိုးကို ပြင်၏ --- သူ့နောက်မှ မြို့ရိုးကိုပြင်ကြ၏ --- မိမိအိပ်ရာခန်းတဘက် တချက်၌ရှိ မြို့ရိုးကို ပြင်၏။" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

မိမိအိမ် တဘက်တချက်၌

သူ၏ ကိုယ်ပိုင် အိမ်ရှေ့တွင် တည်ရှိသောကြောင့်ဖြစ်သည်။

သူ့နောက်မှ --- သူတို့နောက်မှ

"သူတို့၏ နောက်တွင် --- သူ၏ နောက်တွင်"

ဇာဒုတ် --- ဣမေရ --- ရှေမာယ --- ရှေကနို --- ဟာနနိ --- ရှေလမိ --- ဟာနုန် --- ဇာလပ် --- မေရှုလံ --- ဗေရခိ

အမျိုးသားများ၏ အမည်များဖြစ်ကြသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ

ရှေမာယသည် အရှေ့တံခါးမှုးဖြစ်စည်။ ရှေမာယသည် တံခါးမှုး မဟုတ်ပါ။

အရှေ့တံခါးမှူး

"အရှေ့တံခါးကို ကြည့်ရှု စောင့်ရှောက်သော ပုဂ္ဂိုလ်" သို့မဟုတ် "အရှေ့တံခါးကို ဖွင့်ချီ၊ ပိတ်ချီ ပြုလုပ်သောသူ" ကို ဆိုလိုသည်။

စတုတ္ထသား

လေးယောက်မြောက်သားကို ဆိုလိုသည်။

မိမိအိပ်ရာခန်းတဘက် တချက်၌

"သူနေထိုင်သော အိပ်ခန်း၏ ရှေ့တွင်" ဟု ဆိုလိုသည်။ "မိမိ" ဟူသာစကားလုံးသည် မေရှုလံကို ရည်ညွှန်းသည်။