my_tn/mrk/14/60.md

4.8 KiB

ဆက်စပ်မှုဖော်ပြချက်

သခင်ယေရှုက ခရစ်တော်ဖြစ်ကြောင်း အဖြေပေးသောအခါတွင် ယဇ်ပရောဟိတ်အကြီးတို့နှင့် ခေါင်းဆောင်တို့က သေသင့်သော သူအဖြစ် ရှုတ်ချကြသည့် အကြောင်းအရာဖြစ်သည်။

သူတို့ အလယ်၌ မတ်တပ်ထ၍

စိတ်ဆိုးနေသောလူအုပ်အလယ်တွင် သခင်ယေရှုက စကားပြောရန် မတ်တပ်ရပ်သည်။ သခင်ယေရှု စကားပြောစဉ်ရှိသောသူများကို ပေါ်လွင်အောင် ဘာသာပြန်ပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် အသက်ကြီးသူများ အလယ်၌ မတ်တပ်ရပ်ခဲ့သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit|Assumed Knowledge and Implicit Information)

သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်း

ယဇ်ပုရောဟိတ်မင်းက မျက်မြင်သက်သေများ၏ သက်သေခံချက်အပေါ်တွင် သခင်ယေရှုအား မေးခြင်းမဟုတ်။ မျက်မြင်သက်သေများမှားယွင်းစွာ သက်သေခံခြင်းအပေါ်တွင် သက်သေပြရန် သခင်ယေရှုထံ တောင်းဆိုနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်ပြန် မချေပဘူးလား။ သင့်ကို ဆန့်ကျင်၍သက်သေခံချက်များ ပြောသော ဤလူများအပေါ် မတုံ့ပြန်ဘူးလား။" (ရှု၊ rc://*/ta/man/translate/figs-explicit)

မင်္ဂလာရှိသော ဘုရားသခင်၏သားတော်

ဤနေရာတွင် ဘုရားသခင်သည် မင်္ဂလာရှိသောသူ ဟု ပြောထားသည်။ အကောင်းဆုံးဘာသာပြန်ရန်အတွက် "သားတော်" ဟူသော စကားလုံးကို သင့်ဘာသာစကားတွင် ပြော အဖေက သားကို ခေါ်သော စကားလုံးကို အသုံးပြုပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သား" သို့မဟုတ် "ဘုရား၏ သားတော်" (ရှု၊ [[rc:///ta/man/translate/figs-nominaladj]] and [[rc:///ta/man/translate/guidelines-sonofgodprinciples]])

ယေရှုက

အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ၁။ ယဇ်ပုရောဟိတ်မင်းကြီး၏ အမေးကို တုံ့ပြန်ခြင်း နှင့် ၂။ သူ့ကိုယ်သူ ရည်ညွှန်း၍ ပြောခြင်း

တန်ခိုးတော်၏ လက်ျာဘက်၌

"တန်ခိုးတော်"သည် ဘုရားသခင်ကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ တန်ခိုးနှင့်ပြည့်စုံသော ညာလက်ရုံး" (ရှု၊ rc://*/ta/man/translate/figs-metonymy)

မိုဃ်းတိမ်ကို စီး၍ ကြွလာသည်

ဤစာကြောင်းတွင် မိုးတိမ်ကို သခင်ယေရှုပြန်ကြွလာမည့် အချိန်၌ လိုက်ပါမည့်အရာအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုးကောင်းကင်တွင်ရှိသော တိမ်ကို ဖောက်၍ ကြွဆင်းလာသောအခါ" (ရှု၊ rc://*/ta/man/translate/figs-metaphor)