my_tn/mrk/14/60.md

28 lines
4.8 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ဆက်စပ်မှုဖော်ပြချက်
သခင်ယေရှုက ခရစ်တော်ဖြစ်ကြောင်း အဖြေပေးသောအခါတွင် ယဇ်ပရောဟိတ်အကြီးတို့နှင့် ခေါင်းဆောင်တို့က သေသင့်သော သူအဖြစ် ရှုတ်ချကြသည့် အကြောင်းအရာဖြစ်သည်။
# သူတို့ အလယ်၌ မတ်တပ်ထ၍
စိတ်ဆိုးနေသောလူအုပ်အလယ်တွင် သခင်ယေရှုက စကားပြောရန် မတ်တပ်ရပ်သည်။ သခင်ယေရှု စကားပြောစဉ်ရှိသောသူများကို ပေါ်လွင်အောင် ဘာသာပြန်ပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် အသက်ကြီးသူများ အလယ်၌ မတ်တပ်ရပ်ခဲ့သည်။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]]|Assumed Knowledge and Implicit Information)
# သင်သည် တခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်း
ယဇ်ပုရောဟိတ်မင်းက မျက်မြင်သက်သေများ၏ သက်သေခံချက်အပေါ်တွင် သခင်ယေရှုအား မေးခြင်းမဟုတ်။ မျက်မြင်သက်သေများမှားယွင်းစွာ သက်သေခံခြင်းအပေါ်တွင် သက်သေပြရန် သခင်ယေရှုထံ တောင်းဆိုနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်ပြန် မချေပဘူးလား။ သင့်ကို ဆန့်ကျင်၍သက်သေခံချက်များ ပြောသော ဤလူများအပေါ် မတုံ့ပြန်ဘူးလား။" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# မင်္ဂလာရှိသော ဘုရားသခင်၏သားတော်
ဤနေရာတွင် ဘုရားသခင်သည် မင်္ဂလာရှိသောသူ ဟု ပြောထားသည်။ အကောင်းဆုံးဘာသာပြန်ရန်အတွက် "သားတော်" ဟူသော စကားလုံးကို သင့်ဘာသာစကားတွင် ပြော အဖေက သားကို ခေါ်သော စကားလုံးကို အသုံးပြုပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သား" သို့မဟုတ် "ဘုရား၏ သားတော်" (ရှု၊ [[rc://*/ta/man/translate/figs-nominaladj]] and [[rc://*/ta/man/translate/guidelines-sonofgodprinciples]])
# ယေရှုက
အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ၁။ ယဇ်ပုရောဟိတ်မင်းကြီး၏ အမေးကို တုံ့ပြန်ခြင်း နှင့် ၂။ သူ့ကိုယ်သူ ရည်ညွှန်း၍ ပြောခြင်း
# တန်ခိုးတော်၏ လက်ျာဘက်၌
"တန်ခိုးတော်"သည် ဘုရားသခင်ကို ရည်ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ တန်ခိုးနှင့်ပြည့်စုံသော ညာလက်ရုံး" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# မိုဃ်းတိမ်ကို စီး၍ ကြွလာသည်
ဤစာကြောင်းတွင် မိုးတိမ်ကို သခင်ယေရှုပြန်ကြွလာမည့် အချိန်၌ လိုက်ပါမည့်အရာအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုးကောင်းကင်တွင်ရှိသော တိမ်ကို ဖောက်၍ ကြွဆင်းလာသောအခါ" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])