my_tn/mrk/14/40.md

28 lines
3.4 KiB
Markdown

# အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူ
"သူတို့" ရည်ညွှန်းသည်မှာ "ပေတရု၊ ယာကုပ်နှင့် ယောဟန်" တို့ ဖြစ်သည်။
# သူတို့သည် မျက်စိလေးလံသဖြင့်
စာရေးသူက အိပ်ချင်မူးတူးဖြစ်နေသူတစ်ယောက်၏ မျက်လုံးဖွင့်ရန် ခက်ခဲနေသည်ကို "မျက်စိလေးလံသည်"ဟု ပြောထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် အိပ်ချင် မူးတူးဖြစ်နေကြသဖြင့် မျက်လုံးဖွင့် ထားရန် (နိုးနိုးကြားကြားနေရန်) ခက်ခဲနေကြသည်။" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်
ယေရှုသည် ပြန်သွား၍ ဆုတောင်းသည်။ ပြီးနောက် တပည့်တော်များထံ တတိယအကြိမ်ပြန်လာသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်ယေရှုသည် ပြန်သွား၊ ဆုတောင်း၊ ပြန်လာ ပြုလုပ်သည့် တတိယအကြိမ်မြောက်တွင်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# ယခုတိုင်အောင် အိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြသလော
သခင်ယေရှုက တပည့်တော်များ ဆုမတောင်းဘဲ အိပ်ပျော်နေကြသောကြောင့် ပြစ်တင် ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ယခုတိုင်အောင် အိပ်ပျော်လျက် အနားယူနေကြသည်" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# အချိန် ရောက်လာပြီ
သခင်ယေရှု သစ္စာဖောက် ခံရခြင်းနှင့် ဒုက္ခဝေဒနာ ခံစားရန် အချိန်ရောက်လာသည်ကို ဆိုလိုသည်။
# ကြည့်ရှုလော့
"နားထောင်လော့"
# လူသားကို အပ်နှံသောသူသည် ရောက်လာပြီ
သခင်ယေရှုက သစ္စာဖောက်သောသူ ရောက်လာသည်ကို တပည့်တော်တို့အား သတိပေးခြင်းဖြစ်သည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ (လူသား) သည် သစ္စာဖောက်ခံရပြီ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])