my_tn/mrk/14/40.md

3.4 KiB

အိပ်ပျော်လျက်နေကြ သည်ကို တွေ့တော်မူ

"သူတို့" ရည်ညွှန်းသည်မှာ "ပေတရု၊ ယာကုပ်နှင့် ယောဟန်" တို့ ဖြစ်သည်။

သူတို့သည် မျက်စိလေးလံသဖြင့်

စာရေးသူက အိပ်ချင်မူးတူးဖြစ်နေသူတစ်ယောက်၏ မျက်လုံးဖွင့်ရန် ခက်ခဲနေသည်ကို "မျက်စိလေးလံသည်"ဟု ပြောထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် အိပ်ချင် မူးတူးဖြစ်နေကြသဖြင့် မျက်လုံးဖွင့် ထားရန် (နိုးနိုးကြားကြားနေရန်) ခက်ခဲနေကြသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်

ယေရှုသည် ပြန်သွား၍ ဆုတောင်းသည်။ ပြီးနောက် တပည့်တော်များထံ တတိယအကြိမ်ပြန်လာသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်ယေရှုသည် ပြန်သွား၊ ဆုတောင်း၊ ပြန်လာ ပြုလုပ်သည့် တတိယအကြိမ်မြောက်တွင်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ယခုတိုင်အောင် အိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြသလော

သခင်ယေရှုက တပည့်တော်များ ဆုမတောင်းဘဲ အိပ်ပျော်နေကြသောကြောင့် ပြစ်တင် ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ယခုတိုင်အောင် အိပ်ပျော်လျက် အနားယူနေကြသည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အချိန် ရောက်လာပြီ

သခင်ယေရှု သစ္စာဖောက် ခံရခြင်းနှင့် ဒုက္ခဝေဒနာ ခံစားရန် အချိန်ရောက်လာသည်ကို ဆိုလိုသည်။

ကြည့်ရှုလော့

"နားထောင်လော့"

လူသားကို အပ်နှံသောသူသည် ရောက်လာပြီ

သခင်ယေရှုက သစ္စာဖောက်သောသူ ရောက်လာသည်ကို တပည့်တော်တို့အား သတိပေးခြင်းဖြစ်သည်။ ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ (လူသား) သည် သစ္စာဖောက်ခံရပြီ" (ရှု၊ rc://*/ta/man/translate/figs-activepassive)