my_tn/mrk/08/01.md

2.9 KiB

ဆက်စပ်သောအချက်အလက်

အလွန်များသော လူစုလူဝေးသည် ယေရှုနှင့်အတူ ရှိနေကြသည်။ ယေရှုနှင့် တပည့်တော်တို့သည် လှေထဲဝင်၍ အခြားနေရာတစ်ခုသို့ မသွားမီ ထိုသူတို့ကို မုန့် ၇ လုံးနှင့် ငါးအနည်းငယ်ဖြင့် ကျွေးမွေးသည်။

ထိုအခါ

ဤပုဒ်စုသည် ဇာတ်လမ်းပုံပြင်ထဲမှ အဖြစ်အပျက် အသစ်ကို မိတ်ဆက်ပေးသည်။ (ရှု၊ rc://*/ta/man/translate/writing-newevent)

ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ

"အဘယ်ကြောင့်ဆိုသော် ဤလူအများတို့သည် ကျွန်ုပ်နှင့်အတူ နေထိုင်ကြသည်မှာ သုံးရက်မြောက်ရှိပြီဖြစ်သည်။"

မောကြလိမ့်မည်

ဖြစ်တန်ရာ အဓိပ္ပာယ်များမှာ (၁) "ထိုသူတို့သည် အခိုက်အတန့်အားဖြင့် အသိစိတ် ပျောက်နေလိမ့်မည်" သို့မဟုတ် (၂) ထိုသူတို့သည် အားနည်းလျက် ရှိကြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်မည်နည်းဟု လျှောက်ကြသော်

တပည့်တော်တို့သည် ယေရှုက လုံ‌လောက်သော အစာကို ထိုသူတို့အားလုံးအတွက် ရှာဖွေနိုင်မည်ဟု မျှော်လင့်သောကြောင့် အံ့အားသင့်ကြသည်။ အခြားသောဘာသာပြန်၊ "ဤအရပ်သည် အလွန်ခေါင်သောအရပ် ဖြစ်သောကြောင့် ဤအရပ်တွင် ဤလူတို့အတွက် ဝလင်စွာ စားသောက်နိုင်သော မုန့်တို့ကို ရရှိနိုင်ရန် နေရာ မရှိပါ။" ((UDB) (ရှု၊ rc://*/ta/man/translate/figs-rquestion)

စားစရာ မုန့်များ

မုန့်မှာ ဂျူံမုန့်ညက်ကို လုံးပြီး ဖုတ်ထားခြင်းဖြစ်သည်။