my_tn/mrk/08/01.md

24 lines
2.9 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ဆက်စပ်သောအချက်အလက်
အလွန်များသော လူစုလူဝေးသည် ယေရှုနှင့်အတူ ရှိနေကြသည်။ ယေရှုနှင့် တပည့်တော်တို့သည် လှေထဲဝင်၍ အခြားနေရာတစ်ခုသို့ မသွားမီ ထိုသူတို့ကို မုန့် ၇ လုံးနှင့် ငါးအနည်းငယ်ဖြင့် ကျွေးမွေးသည်။
# ထိုအခါ
ဤပုဒ်စုသည် ဇာတ်လမ်းပုံပြင်ထဲမှ အဖြစ်အပျက် အသစ်ကို မိတ်ဆက်ပေးသည်။ (ရှု၊ [[rc://*/ta/man/translate/writing-newevent]])
# ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ
"အဘယ်ကြောင့်ဆိုသော် ဤလူအများတို့သည် ကျွန်ုပ်နှင့်အတူ နေထိုင်ကြသည်မှာ သုံးရက်မြောက်ရှိပြီဖြစ်သည်။"
# မောကြလိမ့်မည်
ဖြစ်တန်ရာ အဓိပ္ပာယ်များမှာ (၁) "ထိုသူတို့သည် အခိုက်အတန့်အားဖြင့် အသိစိတ် ပျောက်နေလိမ့်မည်" သို့မဟုတ် (၂) ထိုသူတို့သည် အားနည်းလျက် ရှိကြလိမ့်မည်။" (ရှု၊ [[rc://*/ta/man/translate/figs-hyperbole]])
# ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်မည်နည်းဟု လျှောက်ကြသော်
တပည့်တော်တို့သည် ယေရှုက လုံ‌လောက်သော အစာကို ထိုသူတို့အားလုံးအတွက် ရှာဖွေနိုင်မည်ဟု မျှော်လင့်သောကြောင့် အံ့အားသင့်ကြသည်။ အခြားသောဘာသာပြန်၊ "ဤအရပ်သည် အလွန်ခေါင်သောအရပ် ဖြစ်သောကြောင့် ဤအရပ်တွင် ဤလူတို့အတွက် ဝလင်စွာ စားသောက်နိုင်သော မုန့်တို့ကို ရရှိနိုင်ရန် နေရာ မရှိပါ။" ((UDB) (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])
# စားစရာ မုန့်များ
မုန့်မှာ ဂျူံမုန့်ညက်ကို လုံးပြီး ဖုတ်ထားခြင်းဖြစ်သည်။