my_tn/mrk/03/01.md

20 lines
2.6 KiB
Markdown

# ဆက်စပ်မှု ဖော်ပြချက်
သခင်ယေရှုသည် တရားစရပ်သို့ ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသော သူတယောက်၏ ရောဂါကိုဥပုသ်နေ့၌ အနာငြိမ်းစေခဲ့ပါသည်။ တချိန်တည်းမှာပင် ဖါရိရှဲ များက ဥပုသ်နေ့၌ စောင့်ရှောက်ရသော ပညတ်ချက်ကို ယေရှု သိရှိထားပါသည်။ ထိုအချက်ကို ဖါရိရှဲ နှင့် ဟေရုဒ်တပည့်များက ချောင်းမြောင်းပြီး အပြစ်ရှာလျက် ယေရှုကို သတ်ရန် ကြံစည်ကြပါသည်။
# ထိုသူတို့သည်
ဖါရိရှဲ အချို့ ၊ နောက်ပိုင်းတွင် ဖါရိရှဲများကို ရည်ညွှန်းပါသည်။
# လက်တဘက်သေသောသူ
လက်တဘက် ကပ်နေသော သူ
# သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။
ဖါရိရှဲများသည် သခင်ယေရှုကို အနီးကပ် စောင့်ကြည့် ကြပါသည်။
# ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာသည်။
ဖါရိရှဲများက ယေရှုကို စွပ်စွဲ အပြစ်တင်သည့် အခွင့်အရေးကို ရှာပါသည်။ ဥပုသ်နေ့၌ စောင့်ရှောက်ရသော ပညတ်ချက်ကို ချိုးဖေါက်ခြင်းရှိမရှိ ၊ အမှားကို ရှာဖွေစုံစမ်းလျက် ရှိပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြုမှားသော အမှုတို့ကြောင့် အပြစ်တင်သည်" သို့မဟုတ် "ပညတ်တော်ကို ကျူးလွန်သည့်အတွက် အမှုရှာသည်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])