my_tn/mrk/03/01.md

2.6 KiB

ဆက်စပ်မှု ဖော်ပြချက်

သခင်ယေရှုသည် တရားစရပ်သို့ ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက်သေသော သူတယောက်၏ ရောဂါကိုဥပုသ်နေ့၌ အနာငြိမ်းစေခဲ့ပါသည်။ တချိန်တည်းမှာပင် ဖါရိရှဲ များက ဥပုသ်နေ့၌ စောင့်ရှောက်ရသော ပညတ်ချက်ကို ယေရှု သိရှိထားပါသည်။ ထိုအချက်ကို ဖါရိရှဲ နှင့် ဟေရုဒ်တပည့်များက ချောင်းမြောင်းပြီး အပြစ်ရှာလျက် ယေရှုကို သတ်ရန် ကြံစည်ကြပါသည်။

ထိုသူတို့သည်

ဖါရိရှဲ အချို့ ၊ နောက်ပိုင်းတွင် ဖါရိရှဲများကို ရည်ညွှန်းပါသည်။

လက်တဘက်သေသောသူ

လက်တဘက် ကပ်နေသော သူ

သူ၏ရောဂါကိုငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။

ဖါရိရှဲများသည် သခင်ယေရှုကို အနီးကပ် စောင့်ကြည့် ကြပါသည်။

ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာသည်။

ဖါရိရှဲများက ယေရှုကို စွပ်စွဲ အပြစ်တင်သည့် အခွင့်အရေးကို ရှာပါသည်။ ဥပုသ်နေ့၌ စောင့်ရှောက်ရသော ပညတ်ချက်ကို ချိုးဖေါက်ခြင်းရှိမရှိ ၊ အမှားကို ရှာဖွေစုံစမ်းလျက် ရှိပါသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြုမှားသော အမှုတို့ကြောင့် အပြစ်တင်သည်" သို့မဟုတ် "ပညတ်တော်ကို ကျူးလွန်သည့်အတွက် အမှုရှာသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)