my_tn/mat/12/24.md

4.0 KiB

ယေဘုယျအချက်အလက်

အပိုဒ် (၂၅) ၌ စာတန်၏ တန်ခိုးဖြင့် လူကို ကုသသည်ဟု ဖာရိရှဲတို့၏ စွပ်စွဲချက်ကို ယေရှုက စပြီး တုံ့ပြန်သည်။

ဤနမိတ်လက္ခဏာ

နတ်ဆိုး ပိုင်ဆိုင်ပြီး မျက်ကန်း ဆွံ့အသူအား အနာငြိမ်းခြင်းပေးသည့် နမိတ်လက္ခဏာကို ဆိုလိုသည်။

ဤလူက နတ်ဆိုးများနှင်ထုတ်သည်မှာ ဗေလဇေဗုလ၏တန်ခိုးမှ အပ အခြားမရှိပါ

"ဤလူက ဗေလဇေဗုလ၏ ကျွန်ဖြစ်သည့်အတွက် နတ်ဆိုးများကို နှင်ထုတ်နိုင်သည်" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ဤလူ

ဖာရိရှဲများက သူတို့ ငြင်းပယ်ထားသည့် လူကို နာမည်ဖြင့်ခေါ်ရန် ရှောင်ရှားကြသည်။

နတ်ဆိုးများ၏ မင်းသား

"နတ်ဆိုးများ၏ အကြီးအကဲ"

သူ့လူများတိုက်ခိုက်သည့် နိုင်ငံသည် ကြာရှည်မခံ၊ အိမ်သူသားများ၊ မြို့သူသားများအချင်းချင်းတိုက်ခိုက်သည့် မြို့များ ကြာရှည်မခံ။

ဖာရိရှဲများကို တုံ့ပြန်သည့်အနေဖြင့် ယေရှုက ဤစကားပုံကို သုံးခြင်းဖြစ်သည်။ ဤအဆိုနှစ်ခုစလုံး၏ ဆိုလိုရင်းမှာ အတူတူပင်ဖြစ်သည်။ စာတန်ခေါင်းဆောင်၏ တန်ခိုးဖြင့် စာတန်များနှင်ထုတ်ရန်မှာ မဖြစ်နိုင်ကြောင်းကို ပြရန် အလေးနက်ပေး သုံးထားသည်။ (ရှု၊ [[rc:///ta/man/translate/writing-proverbs]] and [[rc:///ta/man/translate/figs-parallelism]])

နိုင်ငံတိုင်း မိမိတို့မတင့်မသင့်နေလျှင် ပျက်စီးမည်ဖြစ်သည်

"နိုင်ငံတော်" သည် ထိုနိုင်ငံတွင် နေထိုင်သည့်လူများကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နိုင်ငံတွင် နိုင်ငံသား အချင်းချင်း တိုက်ခိုက်နေကြလျှင် ကြရှည်ရပ်တည်နိုင်မည်မဟုတ်" (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-activepassive]])

မြို့တိုင်း၊ အိမ်တိုင်း မတင့်မသင့်လျှင် မတည်ရာ

"မြို့" သည် ထိုနေရာ၌နေထိုင်ကြသည့် လူများကိုဆိုလိုသည်။ "အိမ်" သည် မိသားစုကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့သည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ကြသည့်အခါ မြို့နှင့် မိသားစုများ ပျက်စီးကြသည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)