my_tn/mat/12/24.md

32 lines
4.0 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ယေဘုယျအချက်အလက်
အပိုဒ် (၂၅) ၌ စာတန်၏ တန်ခိုးဖြင့် လူကို ကုသသည်ဟု ဖာရိရှဲတို့၏ စွပ်စွဲချက်ကို ယေရှုက စပြီး တုံ့ပြန်သည်။
# ဤနမိတ်လက္ခဏာ
နတ်ဆိုး ပိုင်ဆိုင်ပြီး မျက်ကန်း ဆွံ့အသူအား အနာငြိမ်းခြင်းပေးသည့် နမိတ်လက္ခဏာကို ဆိုလိုသည်။
# ဤလူက နတ်ဆိုးများနှင်ထုတ်သည်မှာ ဗေလဇေဗုလ၏တန်ခိုးမှ အပ အခြားမရှိပါ
"ဤလူက ဗေလဇေဗုလ၏ ကျွန်ဖြစ်သည့်အတွက် နတ်ဆိုးများကို နှင်ထုတ်နိုင်သည်" (ရှု၊ [[rc://*/ta/man/translate/figs-doublenegatives]])
# ဤလူ
ဖာရိရှဲများက သူတို့ ငြင်းပယ်ထားသည့် လူကို နာမည်ဖြင့်ခေါ်ရန် ရှောင်ရှားကြသည်။
# နတ်ဆိုးများ၏ မင်းသား
"နတ်ဆိုးများ၏ အကြီးအကဲ"
# သူ့လူများတိုက်ခိုက်သည့် နိုင်ငံသည် ကြာရှည်မခံ၊ အိမ်သူသားများ၊ မြို့သူသားများအချင်းချင်းတိုက်ခိုက်သည့် မြို့များ ကြာရှည်မခံ။
ဖာရိရှဲများကို တုံ့ပြန်သည့်အနေဖြင့် ယေရှုက ဤစကားပုံကို သုံးခြင်းဖြစ်သည်။ ဤအဆိုနှစ်ခုစလုံး၏ ဆိုလိုရင်းမှာ အတူတူပင်ဖြစ်သည်။ စာတန်ခေါင်းဆောင်၏ တန်ခိုးဖြင့် စာတန်များနှင်ထုတ်ရန်မှာ မဖြစ်နိုင်ကြောင်းကို ပြရန် အလေးနက်ပေး သုံးထားသည်။ (ရှု၊ [[rc://*/ta/man/translate/writing-proverbs]] and [[rc://*/ta/man/translate/figs-parallelism]])
# နိုင်ငံတိုင်း မိမိတို့မတင့်မသင့်နေလျှင် ပျက်စီးမည်ဖြစ်သည်
"နိုင်ငံတော်" သည် ထိုနိုင်ငံတွင် နေထိုင်သည့်လူများကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နိုင်ငံတွင် နိုင်ငံသား အချင်းချင်း တိုက်ခိုက်နေကြလျှင် ကြရှည်ရပ်တည်နိုင်မည်မဟုတ်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]] and [[rc://*/ta/man/translate/figs-activepassive]])
# မြို့တိုင်း၊ အိမ်တိုင်း မတင့်မသင့်လျှင် မတည်ရာ
"မြို့" သည် ထိုနေရာ၌နေထိုင်ကြသည့် လူများကိုဆိုလိုသည်။ "အိမ်" သည် မိသားစုကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့သည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ကြသည့်အခါ မြို့နှင့် မိသားစုများ ပျက်စီးကြသည်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])