my_tn/mat/10/24.md

4.9 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်တော်များအား သူတို့တရားဟောမည့်အချိန်တွင် သူတို့လုပ်မည့်အကြောင်းကို ဆက်သင်ပေးသည်။

တပည့်သည့် သူ့ဆရာထက် မကြီးမြတ်ပါ၊ သူ့သခင်ထက် ကျွန်ထက်

ယေဘုယျအမှန်တရားဖြစ်သည့် စကားပုံကို ယေရှုကသုံးပြီး သူ့တပည့်များကိုသင်ကြားသည်။ လူများက ယေရှုကိုဆက်ဆံကြသည့်အတိုင်း သူ့တပည့်များက ထိုအတိုင်းဆက်ဆံခြင်းကို မမျှော်လင့်သင့်ကြောင်းကို ပြောပြသည်။ (ရှု၊ rc://*/ta/man/translate/writing-proverbs)

တပည့်သည့် သူ့ဆရာထက် မကြီးမြတ်ပါ

"တပည့်သည် သူ့ဆရာထက်အရေးမကြီးပါ" သို့မဟုတ် "ဆရာသည် သူ့တပည့်ထက် အမြဲပို၍ အရေးကြီးသည်"

သူ့သခင်ထက် ကျွန်သည်မသာ

"ကျွန်သည့် သူ့သခင်ထက် အရေးမကြီးဖူး" သို့မဟုတ် "သခင်သည် ကျွန်ထက် အမြဲအရေးကြီးသည်"

တပည့်သည် သူ့ဆရာကဲ့သို့ဖြစ်သင့်သည်မှာ လုံလောက်သည်

"တပည့်က သူ့ဆရာလောက်ဖြစ်လာသည်နှင့် ကျေနပ်သင့်သည်"

သူ့ဆရာနှင့်တူသည်

တပည့်သည့် သူ့ဆရာနှင့် မည်ကဲ့သို့တူသည်ကို ဖော်ပြရန် လိုအပ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဆရာသိ သလောက်သိသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူ့သခင်နှင့်တူသည့်ကျွန်

ကျွန်သည် မည်ကဲ့သို့သခင်နှင့်တူကြောင်းကို ဖော်ပြရန် လိုအပ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်က သူ့သခင်လောက် အရေးကြီးသည်ကို ကျေနပ်သင့်သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

အိမ်သခင်ကိုခေါ်ကြလျှင်...မည်မျှလောက်ဆိုးမည်...သူအိမ်သူသားများကို သူတို့ခေါ်သည်

လူများက သူတို့မရိုမသေဆက်ဆံကြသည့်အတွက် သူ့တပည့်များက သူထက်ဆိုးမည်လော၊ ကောင်းမည့်ဆက်ဆံရေးဖြင့် ဆက်ဆံကြမည်လော ကို ယေရှုကအလေးနက်ပေးသည်။

အိမ်သူသားများကို ထိုသို့ခေါ်လျှင် မည်မျှဆိုးမည်နည်း

"သူတို့က အိမ်သူသားများကို ခေါ်သည့်နာမည်မှာ အလွန်ဆိုးသည်" သို့မဟုတ် "သူတို့က အိမ်သူသားများကို အလွန်ဆိုးသည့် နာမည်ဖြင့်ခေါ်ကြသည်"

သူတို့ကိုခေါ်ပြီးလျှင်

"လူတို့က ခေါ်သည့်အတွက်"

အိမ်၏သခင်

ယေရှုကို သူ့ကိုယ်သူ တင်စားသည့်အသုံးနှုန်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဗေလဇေဗု

ဤနာမည်သည် (၁) "ဗေလဇေဗု" ဟု တိုက်ရိုက်ရေးနိုင်သည်။ သို့မဟုတ် (၂) မူလ ရည်ညွှန်းသည့် အဓိပ္ပါယ်အတိုင်း "စာတန်" ဟုလည်း ရေးနိုင်သည်။

သူ့အိမ်သူသားများ

ယေရှု၏ တပည့်တော်များကို တင်စားချက်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)