my_tn/mat/10/24.md

52 lines
4.9 KiB
Markdown

# ဆက်စပ်မှုဖော်ပြချက်
ယေရှုက သူ့တပည့်တော်များအား သူတို့တရားဟောမည့်အချိန်တွင် သူတို့လုပ်မည့်အကြောင်းကို ဆက်သင်ပေးသည်။
# တပည့်သည့် သူ့ဆရာထက် မကြီးမြတ်ပါ၊ သူ့သခင်ထက် ကျွန်ထက်
ယေဘုယျအမှန်တရားဖြစ်သည့် စကားပုံကို ယေရှုကသုံးပြီး သူ့တပည့်များကိုသင်ကြားသည်။ လူများက ယေရှုကိုဆက်ဆံကြသည့်အတိုင်း သူ့တပည့်များက ထိုအတိုင်းဆက်ဆံခြင်းကို မမျှော်လင့်သင့်ကြောင်းကို ပြောပြသည်။ (ရှု၊ [[rc://*/ta/man/translate/writing-proverbs]])
# တပည့်သည့် သူ့ဆရာထက် မကြီးမြတ်ပါ
"တပည့်သည် သူ့ဆရာထက်အရေးမကြီးပါ" သို့မဟုတ် "ဆရာသည် သူ့တပည့်ထက် အမြဲပို၍ အရေးကြီးသည်"
# သူ့သခင်ထက် ကျွန်သည်မသာ
"ကျွန်သည့် သူ့သခင်ထက် အရေးမကြီးဖူး" သို့မဟုတ် "သခင်သည် ကျွန်ထက် အမြဲအရေးကြီးသည်"
# တပည့်သည် သူ့ဆရာကဲ့သို့ဖြစ်သင့်သည်မှာ လုံလောက်သည်
"တပည့်က သူ့ဆရာလောက်ဖြစ်လာသည်နှင့် ကျေနပ်သင့်သည်"
# သူ့ဆရာနှင့်တူသည်
တပည့်သည့် သူ့ဆရာနှင့် မည်ကဲ့သို့တူသည်ကို ဖော်ပြရန် လိုအပ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဆရာသိ သလောက်သိသည်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# သူ့သခင်နှင့်တူသည့်ကျွန်
ကျွန်သည် မည်ကဲ့သို့သခင်နှင့်တူကြောင်းကို ဖော်ပြရန် လိုအပ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်က သူ့သခင်လောက် အရေးကြီးသည်ကို ကျေနပ်သင့်သည်" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# အိမ်သခင်ကိုခေါ်ကြလျှင်...မည်မျှလောက်ဆိုးမည်...သူအိမ်သူသားများကို သူတို့ခေါ်သည်
လူများက သူတို့မရိုမသေဆက်ဆံကြသည့်အတွက် သူ့တပည့်များက သူထက်ဆိုးမည်လော၊ ကောင်းမည့်ဆက်ဆံရေးဖြင့် ဆက်ဆံကြမည်လော ကို ယေရှုကအလေးနက်ပေးသည်။
# အိမ်သူသားများကို ထိုသို့ခေါ်လျှင် မည်မျှဆိုးမည်နည်း
"သူတို့က အိမ်သူသားများကို ခေါ်သည့်နာမည်မှာ အလွန်ဆိုးသည်" သို့မဟုတ် "သူတို့က အိမ်သူသားများကို အလွန်ဆိုးသည့် နာမည်ဖြင့်ခေါ်ကြသည်"
# သူတို့ကိုခေါ်ပြီးလျှင်
"လူတို့က ခေါ်သည့်အတွက်"
# အိမ်၏သခင်
ယေရှုကို သူ့ကိုယ်သူ တင်စားသည့်အသုံးနှုန်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# ဗေလဇေဗု
ဤနာမည်သည် (၁) "ဗေလဇေဗု" ဟု တိုက်ရိုက်ရေးနိုင်သည်။ သို့မဟုတ် (၂) မူလ ရည်ညွှန်းသည့် အဓိပ္ပါယ်အတိုင်း "စာတန်" ဟုလည်း ရေးနိုင်သည်။
# သူ့အိမ်သူသားများ
ယေရှု၏ တပည့်တော်များကို တင်စားချက်ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])