my_tn/mat/05/17.md

28 lines
3.5 KiB
Markdown

# ဆက်စပ်အကြောင်းအရာ
ဓမ္မဟောင်းပညတ်တရားများကို ပြည့်စုံစေခြင်းအလို့ငှာ ယေရှု လာရောက်ရခြင်းဖြစ်ကြောင်းကို အစပြုသွန်သင်သည်။
# အနာဂတ္တိကျမ်းများ
သမ္မာကျမ်းစာတွင် ပရောဖက်များ ရေးသားထားခဲ့သောအကြောင်းအရာများကို ရည်ညွှန်းသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]])
# ငါအမှန်အကန်ဆိုသည်ကား
"မင်းတို့ကို ငါအမှန်ပြောတာ"။ ဤစကားစုသည် ယေရှု ရှေ့ဆက် ပြောဆိုမည့် အကြောင်းကို အသားပေးခြင်းဖြစ်သည်။
# ကောင်းကင်နှင့် မြေကြီး မပျက်စီးမှီတိုင်အောင်
ဤနေရာတွင် "ကောင်းကင်"နှင့် "မြေကြီး"ဟုပြောဆိုခြင်းသည် စကြာ၀ဋာကို ရည်ညွှန်းခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "စကြာဝဋာကြီး တည်တံ့နေသ၍" (ရှု၊ [[rc://*/ta/man/translate/figs-merism]])
# အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ
"အငယ်ဆုံးသောအက္ခရာပင်လျှင် သို့မဟုတ် အက္ခရာ၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းပင်လျှင်။ သမ္မာကျမ်းတွင် ရေးသားထားသမျှသည် အရေးမကြီးသောအကြောင်းအရာမရှိကြောင်း ခိုင်းနှိုင်းဖေါ်ပြခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အရေးမပါဘူးဟု ထင်ရသောပညတ်တရားပင်လျှင်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။
အခြားသောဘာသာပြန်ဆိုချက် - "အရာခပ်သိမ်း ပြည့်စုံလာပြီ" သို့မဟုတ် "ဘုရားသခင်သည် အရာခပ်သိမ်းကို ပြည်စုံစေသည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# အရာခပ်သိမ်း
"အရာခပ်သိမ်း"ဟူသောစကားစုသည် ပညတ်တရားနှင့်ဆိုင်သောအကြောင်းအရာ အားလုံးကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - ပညတ်တရားအထဲရှိ အကြောင်းအရာအလုံးစုံ" သို့မဟုတ် "ပညတ်တရားတွင် ရေးသားသမျှသော အကြောင်းအရာအားလုံး" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])