# ဆက်စပ်အကြောင်းအရာ ဓမ္မဟောင်းပညတ်တရားများကို ပြည့်စုံစေခြင်းအလို့ငှာ ယေရှု လာရောက်ရခြင်းဖြစ်ကြောင်းကို အစပြုသွန်သင်သည်။ # အနာဂတ္တိကျမ်းများ သမ္မာကျမ်းစာတွင် ပရောဖက်များ ရေးသားထားခဲ့သောအကြောင်းအရာများကို ရည်ညွှန်းသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # ငါအမှန်အကန်ဆိုသည်ကား "မင်းတို့ကို ငါအမှန်ပြောတာ"။ ဤစကားစုသည် ယေရှု ရှေ့ဆက် ပြောဆိုမည့် အကြောင်းကို အသားပေးခြင်းဖြစ်သည်။ # ကောင်းကင်နှင့် မြေကြီး မပျက်စီးမှီတိုင်အောင် ဤနေရာတွင် "ကောင်းကင်"နှင့် "မြေကြီး"ဟုပြောဆိုခြင်းသည် စကြာ၀ဋာကို ရည်ညွှန်းခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "စကြာဝဋာကြီး တည်တံ့နေသ၍" (ရှု၊ [[rc://*/ta/man/translate/figs-merism]]) # အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ "အငယ်ဆုံးသောအက္ခရာပင်လျှင် သို့မဟုတ် အက္ခရာ၏ အသေးငယ်ဆုံးသော အစိတ်အပိုင်းပင်လျှင်။ သမ္မာကျမ်းတွင် ရေးသားထားသမျှသည် အရေးမကြီးသောအကြောင်းအရာမရှိကြောင်း ခိုင်းနှိုင်းဖေါ်ပြခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အရေးမပါဘူးဟု ထင်ရသောပညတ်တရားပင်လျှင်" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။ အခြားသောဘာသာပြန်ဆိုချက် - "အရာခပ်သိမ်း ပြည့်စုံလာပြီ" သို့မဟုတ် "ဘုရားသခင်သည် အရာခပ်သိမ်းကို ပြည်စုံစေသည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # အရာခပ်သိမ်း "အရာခပ်သိမ်း"ဟူသောစကားစုသည် ပညတ်တရားနှင့်ဆိုင်သောအကြောင်းအရာ အားလုံးကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - ပညတ်တရားအထဲရှိ အကြောင်းအရာအလုံးစုံ" သို့မဟုတ် "ပညတ်တရားတွင် ရေးသားသမျှသော အကြောင်းအရာအားလုံး" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])