my_tn/luk/17/28.md

1.7 KiB

လောတ၏အချိန်၌ဖြစ်ပျက်သည့်အတိုင်း

"လောတလက်ထက်" သည် ဘုရားသခင်က သောဒုံနှင့်ဂေါမောရမြို့တို့ကို အပြစ်မပေးမှီအချိန်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တခြားသောပုံဥပမာမှာ လောတလက်ထက်၌ မည်သို့ဖြစ်ပျက်သည်" သို့မဟုတ် "လောတ အသက်ရှင်သည့် အချိန်၌ လူတို့ လုပ်ဆောင်ကြသကဲ့သို့" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတို့သည် စားကြသည်၊ သောက်ကြသည်

"သောဒုံလူတို့သည် စားသောက်လျက်နေကြသည်"

ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာလာသည်

"မီးနှင့်လောင်နေသော ကန့်တို့သည် မိုးရွာသကဲ့သို့ ကောင်းကင်မှ ကျလာသည်"

သူတို့အားလုံးကိုဖျက်ဆီးသည်

ဤနေရာ၌ လောတနှင့် သူ့မိသားစုများ မပါဝင်ကြပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုမြို့၌ နေထိုင်သူအားလုံးကို ဖျက်ဆီးသည်" (UDB)