my_tn/job/27/11.md

2.5 KiB

ဘုရားသခင်၏အမှုတော်တို့ကို

"ဘုရားသခင်၏ လက်‌တော်" ဟူသည်မှာ သူ၏ တန်ခိုးကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ တန်ခိုးတော်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်တို့အား ငါပြသမည်။

"သင်" ဟူသော ဖော်ပြချက်တိုင်းသည် အများစုကို ဆိုလိုပြီး ယောဘ၏ မိတ်ဆွေများ ၃ ယောက်ကို ရည်ညွှန်းထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။

စိတ္တဇနာမ်ဖြစ်သော "အကြံအစည်" ဟူသည်မှာ ‌ထင်မြင်သည် ဟူသော ကြိယာအဖြစ် ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနန္တတန်ခိုးရှင်မှ ကြံစည်တော်မူသောအရာကို ငါသည် ဖုံးကွယ်မည်မဟုတ်ပါ" (ရှု၊ rc://*/ta/man/translate/figs-abstractnouns

သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။

ယောဘက သူ့ မိတ်ဆွေများအား ထိုကဲ့သို့ မိုက်မဲသောအရာများကို ပြောဆိုခြင်းဖြစ်သည်ကို ဆုံးမရန် ဤမေးခွန်းကို အသုံးပြုထားပါသည်။ ဤမေးခွန်းသည် ရိုးရှင်းသော စကားပြောအဖြစ် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန််ဆိုချက်၊ "သင်တို့သည် မိုက်မဲစွာ စကားမပြောသင့်ပေ" (ရှု၊ rc://*/ta/man/translate/figs-rquestion)