# ဘုရားသခင်၏အမှုတော်တို့ကို "ဘုရားသခင်၏ လက်‌တော်" ဟူသည်မှာ သူ၏ တန်ခိုးကို ပုံဆောင်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ တန်ခိုးတော်" (ရှု၊ [[rc://*/ta/man/translate/figs-metonymy]]) # သင်တို့အား ငါပြသမည်။ "သင်" ဟူသော ဖော်ပြချက်တိုင်းသည် အများစုကို ဆိုလိုပြီး ယောဘ၏ မိတ်ဆွေများ ၃ ယောက်ကို ရည်ညွှန်းထားပါသည်။ (ရှု၊ [[rc://*/ta/man/translate/figs-you]]) # အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။ စိတ္တဇနာမ်ဖြစ်သော "အကြံအစည်" ဟူသည်မှာ ‌ထင်မြင်သည် ဟူသော ကြိယာအဖြစ် ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနန္တတန်ခိုးရှင်မှ ကြံစည်တော်မူသောအရာကို ငါသည် ဖုံးကွယ်မည်မဟုတ်ပါ" (ရှု၊ [[rc://*/ta/man/translate/figs-abstractnouns]] # သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။ ယောဘက သူ့ မိတ်ဆွေများအား ထိုကဲ့သို့ မိုက်မဲသောအရာများကို ပြောဆိုခြင်းဖြစ်သည်ကို ဆုံးမရန် ဤမေးခွန်းကို အသုံးပြုထားပါသည်။ ဤမေးခွန်းသည် ရိုးရှင်းသော စကားပြောအဖြစ် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန််ဆိုချက်၊ "သင်တို့သည် မိုက်မဲစွာ စကားမပြောသင့်ပေ" (ရှု၊ [[rc://*/ta/man/translate/figs-rquestion]])