my_tn/job/05/20.md

3.6 KiB

ယေဘုယျအချက်အလက်

နာမ်စားထဲတွင် ‌ပြောင်းထားသော "သူ" မှ "သင်" ဖြစ်ပြီး Job 5:19 မှ ဆက်လက် စတင်ပြီး ဧလိဖတ်၏ စကားပြောအဆုံးထိ ဆက်ပြီး ဖြစ်ပေါ်သည်။ ယောဘ ၅း ၂၇.

အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း

ဤတွင် ကယ်ဆယ်ခြင်းကို ပြန်ရွေးခြင်း၊ ပြန်ဝယ်ခြင်းကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးသည့် ကာလ၌ ဘုရားသခင်သည် ဒုက္ခထဲက သင့်ကို ပြန်လည် ကယ်ဆယ်မည်။" ( ရှု၊ rc://*/ta/man/translate/figs-metaphor)

စစ်တိုက်သောအခါ ထားဘေးမှ၎င်း

ဤတွင်လည်း "စစ်တိုက်သောအခါ" ဟူသည်မှာ လက်နက်ဖြင့်တိုက်ခိုက်သောသူများ၊ စကားလုံးဖြင့်သော်လည်းကောင်း တိုက်ခိုက်သူများကို ပုံဆောင်ထားခြင်းဖြစ်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမျက်ပြင်းထန်သောသူများ" သို့မဟုတ် "သင့်အားတိုက်ခိုက်သောသူများ" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ပျက်စီးခြင်းဘေးရောက်သော်လည်း

ဤတွင် "ပျက်စီးခြင်း" ဟူသည်မှာ ရန်သူများအားဖြင့်ဖျက်ဆီးခြင်းခံသော အန္တရာယ်ကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ဖျက်ဆီးမည့်ရန်သူ" ( ရှု၊ rc://*/ta/man/translate/figs-abstractnouns)

ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍

ဤတွင်လည်း "ရည်မော၍" ဟူသောအရာသည် မကြောက်ရွံ့တတ်သော သူကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ပျက်စီးခြင်း ဘေးအန္တရာယ်" သို့မဟုတ် "အစာခေါင်းပါးခြင်းကိုလည်း ကြောက်ရွံ့မည် မဟုတ်ပါ။" ( ရှု၊ rc://*/ta/man/translate/writing-symlanguage)

တောသားရဲတို့ကိုလည်း မကြောက်ရ။

ဤအရာသည် တိရိစ္ဆာန်များကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောရိုင်းတိရိစ္ဆာန်များ" (ရှု၊ rc://*/ta/man/translate/figs-metaphor)