my_tn/job/05/17.md

3.6 KiB

ယေဘုယျအချက်အလက်

စာရေးသူသည် အပိုဒ်ငယ် ၁၈ နှင့် ၁၉ တွင် အသုံးပြုသည့်နှိုင်းယှဥ်မှုကို ဆက်လက်လုပ်ဆောင်ပြီး ဘုရားသခင်လုပ်ဆောင်သော ဆုံးမခြင်းနှင့် အနာငြိမ်းခြင်းများကို အထူးပြုစေရန် အသုံးပြုထားသော စကားပြော နှစ်ခုအား အသုံးပြုထားပါသည်။ ( ရှု၊ rc://*/ta/man/translate/figs-parallelism)

အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်း

ဘုရားသခင်သည် မိဘက ကလေးကိုဆုံးမသကဲ့သို့ သို့မဟုတ် သွန်သင်သကဲ့သို့ ပုံဖော်ထားပါသည်။

ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။

"ဘုရားသခင်က ဆုံးမတော်မူသော သူသည် အမှန်တကယ်မျက်နှာသာ ရသောသူဖြစ်သည်။"

မထီမဲ့မြင်မပြုပါနှင့်။

"မငြင်းပယ်ပါနဲ့။" သို့မဟုတ် "အချည်းအနှီး မတွေးတောပါနဲ့။"

ဆုံးမတော်မူခြင်း

"သွန်သင်ခြင်း" သို့မဟုတ် "ပြုပြင်ပေးခြင်း" သို့မဟုတ် "စည်းကမ်း ချမှတ်ခြင်း"

ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။

အကြောင်းမူကား သူသည် အနာကိုစည်း၍၊ နင်းချေကာ သူ့လက်တော်အားဖြင့် အနာကို ပျောက်စေတော်မူ၏။

လက်တော်နှင့် သက်သာစေတော်မူ၏။

ဤတွင် "သူ့လက်တော်" ဟူသည်မှာ ဘုရားသခင်ကို ရည်ညွှန်းသည်။ ( ရှု၊ rc://*/ta/man/translate/figs-synecdoche)

သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။

တိုးတက်မှုပမာဏအတွက် သုံးနှုန်းထားသော နံပါတ် "၆" နှင့် "၇" တို့သည် အများနှင့် အကြိမ်ပေါင်းကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည်သင့်ကို ဒုက္ခများထဲမှ အကြိမ်ကြိမ်၊ တစ်ချိန်ပြီး တစ်ချိန် ကယ်နှုတ်ပြီး ဘယ်နတ်ဆိုးမှ သင့်ကို ထိခိုက်မည်မဟုတ်ပါ။" ( ရှု၊ rc://*/ta/man/translate/figs-metaphor)