my_tn/job/05/17.md

34 lines
3.6 KiB
Markdown

# ယေဘုယျအချက်အလက်
စာရေးသူသည် အပိုဒ်ငယ် ၁၈ နှင့် ၁၉ တွင် အသုံးပြုသည့်နှိုင်းယှဥ်မှုကို ဆက်လက်လုပ်ဆောင်ပြီး ဘုရားသခင်လုပ်ဆောင်သော ဆုံးမခြင်းနှင့် အနာငြိမ်းခြင်းများကို အထူးပြုစေရန် အသုံးပြုထားသော စကားပြော နှစ်ခုအား အသုံးပြုထားပါသည်။ ( ရှု၊
[[rc://*/ta/man/translate/figs-parallelism]])
# အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်း
ဘုရားသခင်သည် မိဘက ကလေးကိုဆုံးမသကဲ့သို့ သို့မဟုတ် သွန်သင်သကဲ့သို့ ပုံဖော်ထားပါသည်။
# ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။
"ဘုရားသခင်က ဆုံးမတော်မူသော သူသည် အမှန်တကယ်မျက်နှာသာ ရသောသူဖြစ်သည်။"
# မထီမဲ့မြင်မပြုပါနှင့်။
"မငြင်းပယ်ပါနဲ့။" သို့မဟုတ် "အချည်းအနှီး မတွေးတောပါနဲ့။"
# ဆုံးမတော်မူခြင်း
"သွန်သင်ခြင်း" သို့မဟုတ် "ပြုပြင်ပေးခြင်း" သို့မဟုတ် "စည်းကမ်း ချမှတ်ခြင်း"
# ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။
အကြောင်းမူကား သူသည် အနာကိုစည်း၍၊ နင်းချေကာ သူ့လက်တော်အားဖြင့် အနာကို ပျောက်စေတော်မူ၏။
# လက်တော်နှင့် သက်သာစေတော်မူ၏။
ဤတွင် "သူ့လက်တော်" ဟူသည်မှာ ဘုရားသခင်ကို ရည်ညွှန်းသည်။ ( ရှု၊ [[rc://*/ta/man/translate/figs-synecdoche]])
# သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
တိုးတက်မှုပမာဏအတွက် သုံးနှုန်းထားသော နံပါတ် "၆" နှင့် "၇" တို့သည် အများနှင့် အကြိမ်ပေါင်းကို ရည်ညွှန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည်သင့်ကို ဒုက္ခများထဲမှ အကြိမ်ကြိမ်၊ တစ်ချိန်ပြီး တစ်ချိန် ကယ်နှုတ်ပြီး ဘယ်နတ်ဆိုးမှ သင့်ကို ထိခိုက်မည်မဟုတ်ပါ။" ( ရှု၊
[[rc://*/ta/man/translate/figs-metaphor]])