my_tn/jhn/08/14.md

3.7 KiB

သည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း

"ငါတယောက်တည်း ဤအကြောင်းအရာကို ပြောသော်လည်း"

ဇာတိပကတိအတိုင်း

"လောကီလူသားတို့၏ စံချိန်စံနှုန်း နှင့် နည်းဥပဒေသများ" (UDB)

ငါ့မူကား အဘယ်သူကိုမျှမစီရင်

ဖြစ်နိုင်သော ဆိုလိုရင်းများမှာ (၁) "ငါသည် တဦးတယောက် ကိုမှ မစီရင်သေး" သို့မဟုတ် (၂) "ယခုအချိန်တွင်လည်း ငါသည် မည်သူ့ကိုမျှ တရားမစီရင်"

ငါသည်စီရင်သော်လည်း

ဖြစ်နိုင်သော အဓိပ္ပါယ်များ (၁) "အကယ်၍ငါသည် လူများကို တရားစီရင် ပါမူ" သို့မဟုတ် (၂) "ဘယ်အချိန်မဆို ငါသည် လူတွေကို တရားစီရင် လျှင်"

ငါ၏စီရင်ခြင်းသည် တည်၏

ဖြစ်နိုင်သော ဆိုလိုရင်းများ (၁) "ငါ၏ တရားစီရင်ခြင်းသည် မှန်ကန်မှုရှိလိမ့်မည်" သို့မဟုတ် "ငါ၏စီရင်ခြင်းသည် မှန်ကန်သည်"

ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏

ဘုရားသခင်၏ သားတော် ယေရှု၌ တန်ခိုးအာဏာအပြည့်ရှိသည်။ အကြောင်းမှာ သူသည် သူ၏ ခမည်းတော်နှင့် ထူးခြားသော ဆက်နွယ်မှုရှိသည်။ (ရှု။ rc://*/ta/man/translate/guidelines-sonofgodprinciples)

ငါသည် တယောက်တည်း နေသည်မဟုတ်

ဤအချက်အားဖြင့် ယေရှုသည် သူ၏ တရားစီရင်ခြင်းတွင် သူတဦးတည်း ရှိသည် မဟုတ်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါဘယ်လို တရားစီရင်သည်ဖြစ်စေ ငါတယောက်တည်း လုပ်သည်မဟုတ်" (သို့မဟုတ်) "ငါသည် တယောက်တည်း တရားမစီရင်။" (ရှု။ rc://*/ta/man/translate/figs-explicit)

ငါသည် ခမည်းတော်နှင့်အတူရှိ၏

ခမည်းတော်နှင့် သားတော်တို့သည် အတူတကွ တရား စီရင်ကြသည်။ တနည်းဆိုသည် "ခမည်းတော်သည် ငါနှင့်အတူ တရားစီရင်သည်" သို့မဟုတ် "ငါ၏တရားစီရင်အတိုင်း ခမည်းတော်သည် စီရင်သည်။"

ခမည်းတော်

ဤနာမသည် ဘုရားသခင်၏ နာမတော်အတွက် အလွန်အရေးပါသော နာမဖြစ်သည်။ (ရှု။ rc://*/ta/man/translate/guidelines-sonofgodprinciples)