my_tn/heb/11/01.md

4.1 KiB

ဆက်စပ်မှုဖော်ပြချက်

စာရေးသူသည် ယုံကြည်ခြင်းအကြောင်းကို အချက် ၃ ချက်အားဖြင့် အကျဉ်းချုပ် ပြောထားသည်။

ယခု

အကျဉ်းချုပ်ပြောထားပြီးနောက် အဓိကအကြောင်းအရာမစခင် စကားဆက်အသုံးပြုထားသည့် သဏ္ဌာန်ဖြစ်သည်။ ဤနေရာမှစ၍ စာရေးသူက "ယုံကြည်ခြင်း"အကြောင်းကို စတင်ရှင်းပြသည်။

ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။

အခြားသောဘာသာပြန်ဆိုချက် "ယုံကြည်ခြင်းသည် သေချာသောအရာ တစ်ခုအတွက် တည်ကြည်စွာ မျှော်လင့်ခြင်းဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်း

ဤစာကြောင်းသည် အထူးသဖြင့် ဘုရားသခင်၏ ကတိတော်များကို ရည်ညွှန်းထားသည်။ သခင်ယေရှုအားဖြင့် ဘုရားသခင်နှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် ထာဝရစိုးစံရမည့် ကတိတော်ကို ရည်ညွှန်းထားသည်။

မမြင်သေးသော အရာ

အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ မမြင်ရသေးသောအရာ" သို့မဟုတ် "မဖြစ်သေးသောအရာ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ထိုပါရမီကြောင့်

"မဖြစ်သေးသောအရာအပေါ် သေချာစွာ မှီခိုနေသောကြောင့်"

ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ဘိုးဘေးများသည် ယုံကြည်ချက်ရှိသောကြောင့် ဘုရားသခင်ကချီးမွမ်းတော်မူသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ရှေးလူဟောင်း

စာရေးသူက ဟေဗြဲလူတို့ထံ ဟေဗြဲတို့၏ ဘိုးဘေးများအကြောင်း ပြောပြထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် "ငါတို့ ဘိုးဘေးများ။"

လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်။

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အမိန့်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါတို့မြင်ရသောအရာများမှအပ အခြားအရာ မဖန်ဆင်းပါ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)