my_tn/heb/11/01.md

40 lines
4.1 KiB
Markdown
Raw Permalink Normal View History

2021-02-22 15:11:43 +00:00
# ဆက်စပ်မှုဖော်ပြချက်
စာရေးသူသည် ယုံကြည်ခြင်းအကြောင်းကို အချက် ၃ ချက်အားဖြင့် အကျဉ်းချုပ် ပြောထားသည်။
# ယခု
အကျဉ်းချုပ်ပြောထားပြီးနောက် အဓိကအကြောင်းအရာမစခင် စကားဆက်အသုံးပြုထားသည့် သဏ္ဌာန်ဖြစ်သည်။ ဤနေရာမှစ၍ စာရေးသူက "ယုံကြည်ခြင်း"အကြောင်းကို စတင်ရှင်းပြသည်။
# ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။
အခြားသောဘာသာပြန်ဆိုချက် "ယုံကြည်ခြင်းသည် သေချာသောအရာ တစ်ခုအတွက် တည်ကြည်စွာ မျှော်လင့်ခြင်းဖြစ်သည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်း
ဤစာကြောင်းသည် အထူးသဖြင့် ဘုရားသခင်၏ ကတိတော်များကို ရည်ညွှန်းထားသည်။ သခင်ယေရှုအားဖြင့် ဘုရားသခင်နှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် ထာဝရစိုးစံရမည့် ကတိတော်ကို ရည်ညွှန်းထားသည်။
# မမြင်သေးသော အရာ
အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ မမြင်ရသေးသောအရာ" သို့မဟုတ် "မဖြစ်သေးသောအရာ" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# ထိုပါရမီကြောင့်
"မဖြစ်သေးသောအရာအပေါ် သေချာစွာ မှီခိုနေသောကြောင့်"
# ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ဘိုးဘေးများသည် ယုံကြည်ချက်ရှိသောကြောင့် ဘုရားသခင်ကချီးမွမ်းတော်မူသည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# ရှေးလူဟောင်း
စာရေးသူက ဟေဗြဲလူတို့ထံ ဟေဗြဲတို့၏ ဘိုးဘေးများအကြောင်း ပြောပြထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် "ငါတို့ ဘိုးဘေးများ။"
# လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်။
အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အမိန့်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းတော်မူသည်။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# မြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ
အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါတို့မြင်ရသောအရာများမှအပ အခြားအရာ မဖန်ဆင်းပါ။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])