my_tn/heb/06/07.md

3.0 KiB

အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုဃ်းရေကိုသောက်၍

မိုးရေများသောအခါ အကျိုးဖြစ်သော လယ်မြေကို လူက မိုးရေသောက်သကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိုးရေကို စုပ်ယူသော မြေသည်" (ရှု၊ rc://*/ta/man/translate/figs-personification)

လုပ်သောသူ သုံးဘို့

အခြားသောဘာသာပြန်ဆိုချက်၊ "လယ်လုပ်သူအဖို့" rc://*/ta/man/translate/figs-activepassive)

ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏

လယ်ယာမြေမှ အသီးအနှံများ ဖြစ်ထွန်းသည်ကို ဖွားမြင်ပေးသကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သီးနှံများကို ပေါက်စေ၏" (ရှု၊ rc://*/ta/man/translate/figs-personification)

ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကိုခံတတ်၏

မိုးရေနှင့် အသီးအနှံမျာက လယ် ယာမြေဖြစ်ထွန်းရန် ဘုရားသခင်၏ မစမှုကို သက်သေပြုသည်။ လယ်ယာမြေကို ဘုရားသခင်၏ ကောင်းကြီးများ ခံယူတတ်သောလူကဲ့သို့ ပုဂ္ဂိုလ်ပြုထားသည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ

ဤစာကြောင်းရှိ "ကောင်းကြီးမင်္ဂလာ" က ဘုရားသခင်၏ မစမှုကို ညွှန်းသည်။

ကျိန်ခြင်းကို ခံရသောအချိန် နီးသည်ဖြစ်၍

ကျိန်ခြင်းခံရန် နီးကပ်ကြောင်းကို တနေရာသို့ လူတစ်ယောက် ချဉ်းကပ်နေသကဲ့သို့ ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျိန်ခြင်းအမင်္ဂလာ ခံရတော့မည်ဖြစ်၍" (ရှု၊ rc://*/ta/man/translate/figs-metaphor)

နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏

ထိုလယ်ကွင်း၌ ရှိသမျှသောအရာကို ဘုရားသခင် လောင်ကျွမ်းစေမည်။