my_tn/ezk/03/04.md

40 lines
3.7 KiB
Markdown

# ယေဘုယျအချက်အလက်
ယေဇကျေလသည် သူမြင်သော ရူပါရုံအကြောင်းကို ဆက်လက်ပြောပြသည်။
# မိန့်တော်မူသည်
မိန့်တော်မူသောသူသည် လူနှင့်တူသော သူတစ်ယောက်ကို ရည်ညွှန်းခြင်းဖြစ်သည် (အခန်း ၁:၂၆)။ ဝိညာဉ်‌တော်မဟုတ်ပါ။
# အမျိုးသားတို့ရှိရာ
နှစ်ပေါင်းများစွာ ယာကုပ်၏ အမျိုးအနွယ်ဖြစ်လာကြသော ဣသရေလလူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူအုပ်စု" အခန်း ၃:၁ အတိုင်းဘာသာပြန်ပါ။
# သင်မသိမကျွမ်း၊ နာလည်ခဲသော စကား
မကြားဖူး‌၊ မသိဖူးသော ဘာသာစကားကို ပြောသောသူ။
# သင်မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ ... မဟုတ်
ငါသည် နားလည်ခဲသော ဘာသာစကားကို ပြောသော လူမျိုးများထံသို့ သင့်ကို စေလွှတ်သည် မဟုတ်။
# အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်
အခြားသောလူမျိုးမျာဆီးသို့ စေလွှတ်လျှင်ပင် ဣသရေလလူမျိုးများထက် ပို၍ ပရောဖက်၏ စကားကို နားထောင်လိုကြမည့်အကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ (ရှု: [[rc://*/ta/man/translate/figs-hypo]])
# အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်
'သူတို့' သည် ဣသရေလလူမျိုးမဟုတ်ဘဲ ထူးခြားသောဘာသာစကားပြော‌သော လူမျိုးကို ဆိုလိုသည်။
# ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံး
ရန်မူလိုစိတ် ပြင်းထန်သော (UDB)၊ အလွန်ခေါင်းမာသော။ (ရှု၊ [[rc://*/ta/man/translate/figs-doublet]])
# ခိုင်မာသော နဖူး
မပြောင်းလဲလိုသော။ (ရှု၊ [[rc://*/ta/man/translate/figs-idiom]])
# ခိုင်မာသော နှလုံး
လူများသည် ဘုရားသခင်ကို ပုန်ကန်၍ နာခံရန်ငြင်းဆန်ကြသည်ဟု အဓိပ္ပါယ်ရသည်။ နှလုံးသည် မိမိလုပ်လိုသည့်အရာကို စဉ်းစားသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်သည်။ အခန်း ၂:၄ အတိုင်းဘာသာပြန်ပါ။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])