my_tn/ezk/03/04.md

3.7 KiB

ယေဘုယျအချက်အလက်

ယေဇကျေလသည် သူမြင်သော ရူပါရုံအကြောင်းကို ဆက်လက်ပြောပြသည်။

မိန့်တော်မူသည်

မိန့်တော်မူသောသူသည် လူနှင့်တူသော သူတစ်ယောက်ကို ရည်ညွှန်းခြင်းဖြစ်သည် (အခန်း ၁:၂၆)။ ဝိညာဉ်‌တော်မဟုတ်ပါ။

အမျိုးသားတို့ရှိရာ

နှစ်ပေါင်းများစွာ ယာကုပ်၏ အမျိုးအနွယ်ဖြစ်လာကြသော ဣသရေလလူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူအုပ်စု" အခန်း ၃:၁ အတိုင်းဘာသာပြန်ပါ။

သင်မသိမကျွမ်း၊ နာလည်ခဲသော စကား

မကြားဖူး‌၊ မသိဖူးသော ဘာသာစကားကို ပြောသောသူ။

သင်မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ ... မဟုတ်

ငါသည် နားလည်ခဲသော ဘာသာစကားကို ပြောသော လူမျိုးများထံသို့ သင့်ကို စေလွှတ်သည် မဟုတ်။

အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်

အခြားသောလူမျိုးမျာဆီးသို့ စေလွှတ်လျှင်ပင် ဣသရေလလူမျိုးများထက် ပို၍ ပရောဖက်၏ စကားကို နားထောင်လိုကြမည့်အကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ (ရှု: rc://*/ta/man/translate/figs-hypo)

အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်

'သူတို့' သည် ဣသရေလလူမျိုးမဟုတ်ဘဲ ထူးခြားသောဘာသာစကားပြော‌သော လူမျိုးကို ဆိုလိုသည်။

ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံး

ရန်မူလိုစိတ် ပြင်းထန်သော (UDB)၊ အလွန်ခေါင်းမာသော။ (ရှု၊ rc://*/ta/man/translate/figs-doublet)

ခိုင်မာသော နဖူး

မပြောင်းလဲလိုသော။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ခိုင်မာသော နှလုံး

လူများသည် ဘုရားသခင်ကို ပုန်ကန်၍ နာခံရန်ငြင်းဆန်ကြသည်ဟု အဓိပ္ပါယ်ရသည်။ နှလုံးသည် မိမိလုပ်လိုသည့်အရာကို စဉ်းစားသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်သည်။ အခန်း ၂:၄ အတိုင်းဘာသာပြန်ပါ။ (ရှု၊ rc://*/ta/man/translate/figs-metaphor)