my_tn/act/24/04.md

28 lines
2.8 KiB
Markdown

# ယေဘုယျ အချက်အလက်
"အကျွန်ုပ်တို့" ဟူရာတွင် အာနနိ၊ ဂေါပကအချို့နှင့် တေရတုလုတို့ကို ညွှန်းသည်။ (ရှု၊ [[rc://*/ta/man/translate/figs-exclusive]])
# အကျွန်ုပ်သည် ကိုယ်တော်ကို ကြာမြင့်စွာ နှောင့်ရှက်ခြင်းအပြစ်နှင့် လွတ်ခြင်းငှါ
ဖြစ်နိုင်ခြေများမှာ၊ ၁) "အကျွန်ုပ်သည် ကိုယ်တော့်အချိန်ကို ကြာမြင့်စွာ မသုံးမိစေခြင်းငှါ" (UDB)။ သို့မဟုတ် ၂) "အကျွန်ုပ်သည် ကိုယ်တော့်ကို အလုပ်မရှုပ်စေခြင်းငှါ"
# အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း
"အကျဉ်းချုပ်၍ လျှောက်သောစကားကို ကျေးဇူးပြု၍ နားထောင်တော်မူမည်အကြောင်း"
# ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ
ပြန်ဆို၊ "ဤလူမိုက်ကို အကျွန်ုပ်တို့ တွေ့ရှိကြပါပြီ" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့
အခြားသောဘာသာပြန်ဆိုချက်၊ "တလောကလုံးရှိ ယုဒလူအပေါင်းတို့" (ရှု၊ [[rc://*/ta/man/translate/figs-hyperbole]])
# နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍
"နာဇရက်ဘာသာ" မှာ ခရစ်ယာန်ယုံကြည်ချက်၏ အခြား အမည် ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နာဇရက်သား၏ နောက်လိုက်များကို ကြီးမှူး၍" (UDB) (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# ဘာသာ
ဘာသာတရားတခု၏ ဂိုဏ်းခွဲတခုကို ဆိုလိုသည်။ တေရတုလုက ခရစ်ယာန်များကို ယုဒဘာသာ၏ ဂိုဏ်းခွဲတခုအဖြစ် မှတ်ယူထားသည်။