my_tn/act/24/04.md

2.8 KiB

ယေဘုယျ အချက်အလက်

"အကျွန်ုပ်တို့" ဟူရာတွင် အာနနိ၊ ဂေါပကအချို့နှင့် တေရတုလုတို့ကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-exclusive)

အကျွန်ုပ်သည် ကိုယ်တော်ကို ကြာမြင့်စွာ နှောင့်ရှက်ခြင်းအပြစ်နှင့် လွတ်ခြင်းငှါ

ဖြစ်နိုင်ခြေများမှာ၊ ၁) "အကျွန်ုပ်သည် ကိုယ်တော့်အချိန်ကို ကြာမြင့်စွာ မသုံးမိစေခြင်းငှါ" (UDB)။ သို့မဟုတ် ၂) "အကျွန်ုပ်သည် ကိုယ်တော့်ကို အလုပ်မရှုပ်စေခြင်းငှါ"

အကျဉ်းအားဖြင့် လျှောက်သောစကားကို ဖြည်းညှင်းသောစိတ်တော်နှင့် နားထောင်တော်မူမည်အကြောင်း

"အကျဉ်းချုပ်၍ လျှောက်သောစကားကို ကျေးဇူးပြု၍ နားထောင်တော်မူမည်အကြောင်း"

ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ

ပြန်ဆို၊ "ဤလူမိုက်ကို အကျွန်ုပ်တို့ တွေ့ရှိကြပါပြီ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့

အခြားသောဘာသာပြန်ဆိုချက်၊ "တလောကလုံးရှိ ယုဒလူအပေါင်းတို့" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍

"နာဇရက်ဘာသာ" မှာ ခရစ်ယာန်ယုံကြည်ချက်၏ အခြား အမည် ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နာဇရက်သား၏ နောက်လိုက်များကို ကြီးမှူး၍" (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)

ဘာသာ

ဘာသာတရားတခု၏ ဂိုဏ်းခွဲတခုကို ဆိုလိုသည်။ တေရတုလုက ခရစ်ယာန်များကို ယုဒဘာသာ၏ ဂိုဏ်းခွဲတခုအဖြစ် မှတ်ယူထားသည်။