my_tn/act/16/01.md

3.8 KiB

ဆက်စပ်မှု ဖော်ပြချက်

ပေါလုနှင့်သိလတို့၏ သာသနာခရီးကို ဆက်လက် ဖော်ပြထားသည်။

ယေဘုယျ အချက်အလက်

ပေါလု၊ သိလတို့နှင့်အတူ လိုက်ပါမည့် တိမောသေကို မိတ်ဆက်ထားသည်။ အငယ် ၁ နှင့် ၂ တွင် တိမေသေ၏ နောက်ကြောင်းကို ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

ယေဘုယျ အချက်အလက်

"သူ၊" "ထိုသူ၊" "သူ့အား" မှာ တိမောသေကို ညွှန်းသည်။

ထိုနောက်မှ ပေါလုသည် . . . ရောက်လေ၏

"သွားလေ၏" ဟုလည်း ပြန်ဆိုနိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-go)

ဒေရဗေမြို့

အာရှငယ်ရှိ မြို့တခု၏ အမည်ဖြစ်သည်။ ၁၄:၅ မှ ပြန်ဆိုချက်ကို ရှု။

behold

N/A

ယုံကြည်သော

"ခရစ်တော်ကို" ဟု ရှေ့တွင် ထည့်သွင်း ဖော်ပြနိုင်သည်။ ပြန်ဆို၊ "ခရစ်တော််ကို ယုံကြည်သော" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ထိုသူသည် . . . ညီအစ်ကိုတို့တွင် အသရေရှိသောသူ ဖြစ်၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် ... ညီအစ်ကိုတို့၏ နှစ်သက်မှုကို ရ၏" သို့မဟုတ် "ထိုသူကို ... ညီအစ်ကိုတို့ နှစ်သက်ကြ၏" သို့မဟုတ် "ထိုသူ၏ ကောင်းကြောင်းကို ... ညီအစ်ကိုတို့ ပြောကြ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ညီအစ်ကိုတို့

ယုံကြည်သူများကို ညွှန်းသည်။ ပြန်ဆို၊ "ယုံကြည်သူတို့"

အရေဖျားလှီးခြင်းကို သူ့အား ပေးလေ၏

ပေါလုကိုယ်တိုင်က တိမောသေ၏ အရေဖျားကို လှီးပေးကြောင်း ဆိုနိုင်သကဲ့သို့၊ တခြားလူက ဆောင်ရွက်ပေးခြင်းလည်း ဖြစ်နိုင်သည်။

ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည်

"တမန်တော်တို့ သွားသောအရပ်ရှိ ယုဒလူတို့သည်"

သူ၏အဘသည် ဟေလသလူဖြစ်သည်ကို . . . သိသောကြောင့်

ဟေလသခေါ် ဂရိလူတို့က အရေဖျားလှီးခြင်း ဓလေ့ကို အသုံးမပြုကြောင်း ယုဒလူတို့က သိသဖြင့်၊ ခရစ်တော်၏ နှုတ်ကပတ်တရားကို ဟောရန် တားမြစ်ခဲ့မည်အကြောင်း ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)