my_tn/act/01/12.md

2.1 KiB

တမန်တော်တို့သည် ပြန်ကြ၏

"တမန်တော်များ ပြန်သွားကြ၏"

ဥပုသ်နေ့တနေ့ခရီး

ဤဖော်ပြချက်သည် ရဟူဒီဆိုင်ရာ ဓလေ့ထုံးစံအရ ဥပုသ်နေ့၍ ခရီးသွားခြင်းခွင့်ပေးထားသည့် အကွာအဝေးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကီလိုမီတာ တစ်ခုအကွာအဝေး" ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ရောက်ကြလျှင်

သူတို့သွားလိုရာသို့ ‌ရောက်ကြလျှင်။ အပိုဒ်ငယ် ၁၂ တွင် "ယေရုရှလင်မြို့သို့ ‌ရောက်ကြလျှင်" ဟူ၍ ရေးထားသည်။

တည်းနေရာအိမ်အထက်ခန်းသို့

အိမ်အပေါ်ထပ်ရှိအခန်းကို ဆိုလိုသည်။

ထိုသူအပေါင်းတို့သည် တညီ တညွတ်တည်း

ဆိုလိုရင်းအဓိပ္ပာယ်မှာ တမန်တော်များနှင့် ယုံကြည်သူအပေါင်းတို့သည် သခင်ယေရှု မိန့်တော်မူထားချက်နှင့် ရည်ရွယ်ချက်တို့ကို ပဠိပက္ခမရှိဘဲ တပေါင်းတစည်း၊ တညီတညွတ်တည်း ပါဝင်ကြသည်။

တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက်

တပည့်တော်များသည် အတူအကွ ပုံမှန် ဆုတောင်းပဌာနပြုခြင်း အဓိပ္ပာယ်ပုံဆောင်သည်။