my_tn/2pe/02/01.md

5.1 KiB

ယေဘုယျအချက်အလက်

ပေတရုက မှားယွင်းသောသွန်သင်သူများအကြောင်း ယုံကြည်သူများကို အသိပေးခြင်းနှင့် အစပြုသည်။

ယုဒလူတို့တွင် မှားယွင်းသောပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ် သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။

မိစ္ဆာပရောဖက် များသည် ဣသရေလ လူမျိုးများကို သူတို့စကားဖြင့် ဖျက်ဆီးသကဲ့သို့ မှားယွင်းသောသွန်သင်သူများသည်လည်း သင်တို့ကို ခရစ်တော်အကြောင်း လှည့်ဖြားပြောဆိုလိမ့်မည်။

ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများ

"မိစ္ဆာဒိဋ္ဌိ အယူများ" ဟူသည် တမန်တော်များနှင့် ခရစတော်၏ သွန်သင်ခြင်းများကို ဆန့်ကျင်သောအမြင်ကိုဆိုလိုသည်။ ၎င်းအယူများသည် ခရစ်တော်ယုံကြည်သူများ၏ ယုံကြည်ခြင်းကို ဖျက်ဆီးသည်။

မိမိတို့အားရွေးနှုတ်ကယ်တင်သောအရှင်

"သခင်" ဆိုသည်မှာ ကျွန်များကို ပိုင်ဆိုင်သောသူကို ရည်ညွန်းသည်။ ပေတရုက မိမိအသက်နှင့် စတေးခံပြီးလောကသားများကို ဝယ်ယူခဲ့သော ယေရှုကို သခင်အဖြစ်ပြောထားသည်။ (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-explicit]])

ညစ်ညှုးသော အကျင့်ဓလေ့

ကာမဂုဏ်၌ ညစ်ညူးခြင်း

သမ္မာတရားလမ်း အသ‌ရေသည် ပျက်စီးလိမ့်မည်

''သမ္မာတရားလမ်း'' ဟူသည် ခရစ်ယာန်ယုံကြည်မှုဖြစ်သော ဘုရားသခင်ထံသို့ ပို့ဆောင်သောလမ်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မယုံကြည်သူများသည် သမ္မာတရားလမ်း၌ အသရေပျက်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ချော့မော့ သော စကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။

လှည့်ဖြားခြင်းဖြင့် သူတို့ကို ငွေပေးစေချင်အောင်ပြောသည်။

သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။

ပေတရုက သူတို့ကျူးလွန်ခဲ့သည့်အတိုင်း "အပြစ်စီရင်ခြင်း" နှင့် "ဖျက်ဆီးခြင်း" ကို ခံရမည်ဟုပြောသည်။ မှားယွင်းစွာ သွန်သင်သောသူများသည်လည်း အပြစ်စီရင်ခြင်းခံရလိမ့်မည်။ (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-parallelism]])

သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ထိုသူတို့အား မကြာမီတွင် အပြစ်စီရင်လိမ့်မည်" (ရှု၊ [[rc:///ta/man/translate/figs-doublenegatives]] and [[rc:///ta/man/translate/figs-abstractnouns]])