# ယေဘုယျအချက်အလက် ပေတရုက မှားယွင်းသောသွန်သင်သူများအကြောင်း ယုံကြည်သူများကို အသိပေးခြင်းနှင့် အစပြုသည်။ # ယုဒလူတို့တွင် မှားယွင်းသောပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ် သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။ မိစ္ဆာပရောဖက် များသည် ဣသရေလ လူမျိုးများကို သူတို့စကားဖြင့် ဖျက်ဆီးသကဲ့သို့ မှားယွင်းသောသွန်သင်သူများသည်လည်း သင်တို့ကို ခရစ်တော်အကြောင်း လှည့်ဖြားပြောဆိုလိမ့်မည်။ # ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများ "မိစ္ဆာဒိဋ္ဌိ အယူများ" ဟူသည် တမန်တော်များနှင့် ခရစတော်၏ သွန်သင်ခြင်းများကို ဆန့်ကျင်သောအမြင်ကိုဆိုလိုသည်။ ၎င်းအယူများသည် ခရစ်တော်ယုံကြည်သူများ၏ ယုံကြည်ခြင်းကို ဖျက်ဆီးသည်။ # မိမိတို့အားရွေးနှုတ်ကယ်တင်သောအရှင် "သခင်" ဆိုသည်မှာ ကျွန်များကို ပိုင်ဆိုင်သောသူကို ရည်ညွန်းသည်။ ပေတရုက မိမိအသက်နှင့် စတေးခံပြီးလောကသားများကို ဝယ်ယူခဲ့သော ယေရှုကို သခင်အဖြစ်ပြောထားသည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]] and [[rc://*/ta/man/translate/figs-explicit]]) # ညစ်ညှုးသော အကျင့်ဓလေ့ ကာမဂုဏ်၌ ညစ်ညူးခြင်း # သမ္မာတရားလမ်း အသ‌ရေသည် ပျက်စီးလိမ့်မည် ''သမ္မာတရားလမ်း'' ဟူသည် ခရစ်ယာန်ယုံကြည်မှုဖြစ်သော ဘုရားသခင်ထံသို့ ပို့ဆောင်သောလမ်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မယုံကြည်သူများသည် သမ္မာတရားလမ်း၌ အသရေပျက်လိမ့်မည်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]]) # ချော့မော့ သော စကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ လှည့်ဖြားခြင်းဖြင့် သူတို့ကို ငွေပေးစေချင်အောင်ပြောသည်။ # သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။ ပေတရုက သူတို့ကျူးလွန်ခဲ့သည့်အတိုင်း "အပြစ်စီရင်ခြင်း" နှင့် "ဖျက်ဆီးခြင်း" ကို ခံရမည်ဟုပြောသည်။ မှားယွင်းစွာ သွန်သင်သောသူများသည်လည်း အပြစ်စီရင်ခြင်းခံရလိမ့်မည်။ (ရှု၊ [[rc://*/ta/man/translate/figs-personification]] and [[rc://*/ta/man/translate/figs-parallelism]]) # သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ထိုသူတို့အား မကြာမီတွင် အပြစ်စီရင်လိမ့်မည်" (ရှု၊ [[rc://*/ta/man/translate/figs-doublenegatives]] and [[rc://*/ta/man/translate/figs-abstractnouns]])