my_tn/2jn/01/04.md

24 lines
3.4 KiB
Markdown

# သင်၏သားသမီးအချို့တို့သည်
"သင်" နှင့် "သင်၏" ဟူသော စကားလုံးတို့သည် လူ အများကို ပြောခြင်းမဟုတ်ဘဲ လူတစ်ယောက်ကိုသာ ရည်ညွှန်းသည်။ (ရှု၊ [[rc://*/ta/man/translate/figs-you]])
# ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း
ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့အားပညတ်ခဲ့သည်အတိုင်း
# ပညတ်တော်သစ်ကို မရေးဘဲလျက်
ယခုတွင် အသစ်သောအရာတချို့လုပ်ဆောင်ရန် ပညတ်တော်သစ်ကိုရေးထားခြင်းမဟုတ်ပဲ။
# ငါတို့၌ ရှေးဦးစွာကပင် ရှိသော ပညတ်တော်ကိုရေးထား
"ရှေ့ဦးစွာကပင်" ဟူသောစကားလုံးသည် ကျွန်တော်တို့ယုံကြည်ခြင်း အစပြုသောအချိန်ကို ရည်ညွှန်းပါသည်။ တနည်းအားဖြင့် ငါတို့သည် စတင်ယုံကြည်သည့်အချိန်မှစ၍ ခရစ်တော် ပညတ်သည်အတိုင်း လုပ်ဆောင်ရန် သင်တို့အား ငါ ရေးပေးခြင်း ဖြစ်ပါသည်။ (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# အချင်းချင်း ချစ်ခြင်းမေတ္တာ ရှိကြကုန်အံ့ ဟု ငါတောင်းပန်၏။
ဤစာကြောင်းကို အသစ်တစ်ဖန် ပြန်ဆိုပါက "ငါတို့သည် အချင်းချင်း ချစ်ရမည်" ဟု သူ(သခင်ယေရှု) က စေခိုင်းခဲ့သည်။
# သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း၊ ရှေးဦးစွာကပင် သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။
ဘုရားသခင်၏ ပညတ်တော်နှင့်အညီ ကျင့်ဆောင်ခြင်းသည် ပညတ်တော်အတိုင်း လိုက်လျှောက်အသက်ရှင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ "ထိုသို့" ဟူသောစကားလုံးသည် ချစ်ခြင်းမေတ္တာကို ရည်ညွှန်းခြင်းဖြစ်သည်။ ထို့အပြင် သင်တို့သည် ခရစ်တော်ကို အစပြုယုံကြည်သည့်အချိန်မှစ၍ အချင်းချင်းချစ်ကြရန် ပညတ်ထားခဲ့ပြီးဖြစ်သည်။ (ရှု၊