my_tn/2jn/01/04.md

3.4 KiB

သင်၏သားသမီးအချို့တို့သည်

"သင်" နှင့် "သင်၏" ဟူသော စကားလုံးတို့သည် လူ အများကို ပြောခြင်းမဟုတ်ဘဲ လူတစ်ယောက်ကိုသာ ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း

ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့အားပညတ်ခဲ့သည်အတိုင်း

ပညတ်တော်သစ်ကို မရေးဘဲလျက်

ယခုတွင် အသစ်သောအရာတချို့လုပ်ဆောင်ရန် ပညတ်တော်သစ်ကိုရေးထားခြင်းမဟုတ်ပဲ။

ငါတို့၌ ရှေးဦးစွာကပင် ရှိသော ပညတ်တော်ကိုရေးထား

"ရှေ့ဦးစွာကပင်" ဟူသောစကားလုံးသည် ကျွန်တော်တို့ယုံကြည်ခြင်း အစပြုသောအချိန်ကို ရည်ညွှန်းပါသည်။ တနည်းအားဖြင့် ငါတို့သည် စတင်ယုံကြည်သည့်အချိန်မှစ၍ ခရစ်တော် ပညတ်သည်အတိုင်း လုပ်ဆောင်ရန် သင်တို့အား ငါ ရေးပေးခြင်း ဖြစ်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

အချင်းချင်း ချစ်ခြင်းမေတ္တာ ရှိကြကုန်အံ့ ဟု ငါတောင်းပန်၏။

ဤစာကြောင်းကို အသစ်တစ်ဖန် ပြန်ဆိုပါက "ငါတို့သည် အချင်းချင်း ချစ်ရမည်" ဟု သူ(သခင်ယေရှု) က စေခိုင်းခဲ့သည်။

သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း၊ ရှေးဦးစွာကပင် သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။

ဘုရားသခင်၏ ပညတ်တော်နှင့်အညီ ကျင့်ဆောင်ခြင်းသည် ပညတ်တော်အတိုင်း လိုက်လျှောက်အသက်ရှင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ "ထိုသို့" ဟူသောစကားလုံးသည် ချစ်ခြင်းမေတ္တာကို ရည်ညွှန်းခြင်းဖြစ်သည်။ ထို့အပြင် သင်တို့သည် ခရစ်တော်ကို အစပြုယုံကြည်သည့်အချိန်မှစ၍ အချင်းချင်းချစ်ကြရန် ပညတ်ထားခဲ့ပြီးဖြစ်သည်။ (ရှု၊