my_tn/2jn/01/01.md

5.0 KiB
Raw Permalink Blame History

ဆက်စပ်မှုဖေါ်ပြချက်

နှုတ်ဆက်စကား ဆိုပြီးနောက် ရှင်ယောဟန်က ယုံကြည်သူများအား ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားတို့သည် ခွဲခြားရန် မဟုတ်ကြောင်း ဖေါ်ပြသွားသည်။

ယေဘုယျဖော်ပြချက်

အစဉ်အလာ သတ်မှတ်ချက်အရ ရှင်ယောဟန်ဒုတိယစာစောင်ကို ရေးသားသူမှာ တမန်တော် ရှင်ယောဟန်ဖြစ်ပြီး အမျိုးသမီး တစ်ဦး ထံသို့ ပေးပို့သော စာဖြစ်သော်လည်း အသင်းတော်အတွက် ဖြစ်သည်။ သူက အချင်းချင်းချစ်ကြရန် ရေးသားသည်။

ယေဘုယျဖော်ပြချက်

ဤစာစောင်တွင်ဖော်ပြသော "သင်" နှင့် "သင်တို့" ဟူသောစကားလုံးသည် အများကိန်းကို ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ : rc://*/ta/man/translate/figs-you)

ယေဘုယျဖော်ပြချက်

ဤစာစောင်တွင် တမန်တော် ရှင်ယောဟန်ကိုယ်တိုင်နှင့် စာဖတ်သူပရိသတ်များကို "ကျွန်ုပ်" နှင့် "ကျွန်ုပ်တို့" ဟူ၍ သုံးနှုန်းထားကြောင်း တွေ့ရသည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

အသက်ကြီးသူသည် မြတ်သောသခင်မ ကို၎င်း၊ သားသမီးတို့ကို၎င်း ကြားလိုက်ပါ၏

စာစောင်များကို မည်ကဲသို့ အစပြုထားကြောင်း ဖော်ပြခြင်းဖြစ်သည်။ စာရေးသူ၏ အမည်ကိုလည်း အတိအလင်း ဖော်ပြထားသည်။ တနည်းအားဖြင့် "ငါ ယောဟန်နှင့် အသက်ကြီးသူသည် ရွေးနုတ်ခြင်းခံရသောသခင်မနှင့် သူမ၏ သားသမီးတို့အား ဤစာစောင်ကိုရေးလိုက်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

အသက်ကြီးသူ

အသက်ကြီးသူ ဟူသည်မှာ သခင်ခရစ်တော်၏ တမာန်တော်နှင့် တပည့်တော်ဖြစ်သော ရှင်ယောဟန်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အသက်ကြီးသူ သို့မဟုတ် အသင်းတော်ခေါင်းဆောင် ဖြစ်ကြောင်း မိမိကိုယ်တိုင် ရည်ညွှန်းခြင်းဖြစ်ပါသည်။

မြတ်သောသခင်မနှင့် သားသမီးတို့ကို

အသင်းတော်နှင့် ယုံကြည်သူများအစုအဝးကို ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ၏

သင်တို့အား အမှန်တကယ် ငါချစ်ပါ၏။

သမ္မာတရားကို သိသောသူအပေါင်း

ဘုရားခင်နှင့် သခင်ယေရှု အကြောင်းကို သိနားလည်သော သူများ ဟုဆိုလိုခြင်းဖြစ်သည်။

ခမည်းတော်၏သားတော် ယေရှုခရစ်

ဤအချက်သည် အရေးကြီးသော အမည်နာမဖြစ်ပြီး ခမည်းတော်နှင့် သားတော်၏ ဆက်စပ်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

သမ္မာတရား၊ မေတ္တာတရားနှင့်တကွ

"သမ္မာတရား" ဟူသောစကားလုံးသည် မေတ္တာတရားကိုဖော်ပြခြင်းဖြစ်ပြီး စစ်မှန်သော မေတ္တာဖြင့် ဟုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-hendiadys)