# ဆက်စပ်မှုဖေါ်ပြချက် နှုတ်ဆက်စကား ဆိုပြီးနောက် ရှင်ယောဟန်က ယုံကြည်သူများအား ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားတို့သည် ခွဲခြားရန် မဟုတ်ကြောင်း ဖေါ်ပြသွားသည်။ # ယေဘုယျဖော်ပြချက် အစဉ်အလာ သတ်မှတ်ချက်အရ ရှင်ယောဟန်ဒုတိယစာစောင်ကို ရေးသားသူမှာ တမန်တော် ရှင်ယောဟန်ဖြစ်ပြီး အမျိုးသမီး တစ်ဦး ထံသို့ ပေးပို့သော စာဖြစ်သော်လည်း အသင်းတော်အတွက် ဖြစ်သည်။ သူက အချင်းချင်းချစ်ကြရန် ရေးသားသည်။ # ယေဘုယျဖော်ပြချက် ဤစာစောင်တွင်ဖော်ပြသော "သင်" နှင့် "သင်တို့" ဟူသောစကားလုံးသည် အများကိန်းကို ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ : [[rc://*/ta/man/translate/figs-you]]) # ယေဘုယျဖော်ပြချက် ဤစာစောင်တွင် တမန်တော် ရှင်ယောဟန်ကိုယ်တိုင်နှင့် စာဖတ်သူပရိသတ်များကို "ကျွန်ုပ်" နှင့် "ကျွန်ုပ်တို့" ဟူ၍ သုံးနှုန်းထားကြောင်း တွေ့ရသည်။ (ရှု၊ [[rc://*/ta/man/translate/figs-inclusive]]) # အသက်ကြီးသူသည် မြတ်သောသခင်မ ကို၎င်း၊ သားသမီးတို့ကို၎င်း ကြားလိုက်ပါ၏ စာစောင်များကို မည်ကဲသို့ အစပြုထားကြောင်း ဖော်ပြခြင်းဖြစ်သည်။ စာရေးသူ၏ အမည်ကိုလည်း အတိအလင်း ဖော်ပြထားသည်။ တနည်းအားဖြင့် "ငါ ယောဟန်နှင့် အသက်ကြီးသူသည် ရွေးနုတ်ခြင်းခံရသောသခင်မနှင့် သူမ၏ သားသမီးတို့အား ဤစာစောင်ကိုရေးလိုက်ပါသည်။ (ရှု၊ [[rc://*/ta/man/translate/figs-explicit]]) # အသက်ကြီးသူ အသက်ကြီးသူ ဟူသည်မှာ သခင်ခရစ်တော်၏ တမာန်တော်နှင့် တပည့်တော်ဖြစ်သော ရှင်ယောဟန်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အသက်ကြီးသူ သို့မဟုတ် အသင်းတော်ခေါင်းဆောင် ဖြစ်ကြောင်း မိမိကိုယ်တိုင် ရည်ညွှန်းခြင်းဖြစ်ပါသည်။ # မြတ်သောသခင်မနှင့် သားသမီးတို့ကို အသင်းတော်နှင့် ယုံကြည်သူများအစုအဝးကို ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/figs-metaphor]]) # မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ၏ သင်တို့အား အမှန်တကယ် ငါချစ်ပါ၏။ # သမ္မာတရားကို သိသောသူအပေါင်း ဘုရားခင်နှင့် သခင်ယေရှု အကြောင်းကို သိနားလည်သော သူများ ဟုဆိုလိုခြင်းဖြစ်သည်။ # ခမည်းတော်၏သားတော် ယေရှုခရစ် ဤအချက်သည် အရေးကြီးသော အမည်နာမဖြစ်ပြီး ခမည်းတော်နှင့် သားတော်၏ ဆက်စပ်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/guidelines-sonofgodprinciples]]) # သမ္မာတရား၊ မေတ္တာတရားနှင့်တကွ "သမ္မာတရား" ဟူသောစကားလုံးသည် မေတ္တာတရားကိုဖော်ပြခြင်းဖြစ်ပြီး စစ်မှန်သော မေတ္တာဖြင့် ဟုဆိုလိုခြင်းဖြစ်သည်။ ​(ရှု၊ [[rc://*/ta/man/translate/figs-hendiadys]])