my_tn/2co/06/01.md

32 lines
4.9 KiB
Markdown

# ဆက်စပ်ပေးသော အချက်
ဘုရားသခင် အမှုတော်အတွက် မည်ကဲ့သို့ အတူတကွ လုပ်ဆောင်သင့်သည်ကို ရှင်ပေါလုက အကျဉ်းချုံး ပြောပြသည်။
# ယေဘုယျအချက်အလက်
အပိုဒ်ငယ် ၂ တွင် ရှင်ပေါလုသည် ပရောဖက် ဟေရှာယအနာဂတ္တိကျမ်းထဲမှ ယူထားသည်ကို တွေ့ရသည်။
# ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍
ရှင်ပေါလုက သူနှင့် တိမောတေ တို့သည် ဘုရားသခင်နှင့်အတူ အမှုတော်ဆောင်ရွက်ကြောင်း ဖော်ပြသည်။ တနည်းဆိုသော် "ဘုရားသခင်နှင့်အတူ လုပ်ဆောင်ကြသည်"။ (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# သင်တို့သည် ဘုရားသခင်၏ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု
ဘုရားသခင်၏ ကျေးဇူးတော်အား သူတို့၏ နေ့စဉ်ဘဝတွင် အကျိုးမဲ့ မဖြစ်စေရန် ပေါလုသည် သူတို့အားတောင်းဆိုသည်။ အပြုသဘောဖြင့် ဖော်ပြမည်ဆိုပါက၊ "သင်တို့ရရှိသော ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးရှိရှိ အသုံးပြုကြရန် ငါတို့သည် သင်တို့အား တောင်းဆိုသည်။" (ရှု၊ [[rc://*/ta/man/translate/figs-doublenegatives]])
# ဗျာဒိတ်တော် အချက်ဟူမူကား၊
"ဘုရားသခင်မိန့်ဆိုသည်မှာ" ဟူသောမိတ်ဆက် စကားသည် ပရောဖက်ဟေရှာယကျမ်းထဲမှ ကူးယူထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျမ်းစာထဲ၌ ဘုရားသခင် မိန့်ဆိုသည်မှာ" (ရှု၊ [[rc://*/ta/man/translate/figs-explicit]])
# ကြည့်ရှုလော့
အံ့ဩဘွယ်ရာသတင်းသည် လိုက်လာမည် ဖြစ်သော ကြောင့် နိုးနိုးကြားကြားရှိရန် တိုက်တွန်းသည့် စကားဖြစ်သည်။
# ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု။
လူတစ်ယောက်အတွက် ခရစ်တော်ကို ယုံကြည်ကိုးစားရန် အဟန့်အတားဖြစ်စေမယ့်၊ ခန္ဓာကိုယ်အားဖြင့် ခြေချော်လဲကျစရာ အကြောင်းကို ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ချက်၊ "ငါတို့ဟောပြောသော သတင်းအား လူအများတို့သည် ယုံကြည်လက္ခံရန် မှတားဆီးမည့် မည်သည့်အရကိုမျှ ငါတို့သည် မလိုလားပါ။" (ရှု၊ [[rc://*/ta/man/translate/figs-metaphor]])
# တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ
"အပြစ်တင်ခြင်း" ဟူသောစကားသည် လူအများသည် ရှင်ပေါလု၏ အမှုတော်ဆောင်ရွက်ခြင်းကို မကောင်းကြောင်း ပြောဆိုကြသည်ကို ရည်ညွန်းခြင်းဖြစ်သည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ဆောင်ရွက်သော အမှုတော်နှင့်ပါတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ မကောင်းကြောင်း ပြောဆိုခြင်းကို မလိုလားပါ။" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])