my_tn/2co/06/01.md

4.9 KiB

ဆက်စပ်ပေးသော အချက်

ဘုရားသခင် အမှုတော်အတွက် မည်ကဲ့သို့ အတူတကွ လုပ်ဆောင်သင့်သည်ကို ရှင်ပေါလုက အကျဉ်းချုံး ပြောပြသည်။

ယေဘုယျအချက်အလက်

အပိုဒ်ငယ် ၂ တွင် ရှင်ပေါလုသည် ပရောဖက် ဟေရှာယအနာဂတ္တိကျမ်းထဲမှ ယူထားသည်ကို တွေ့ရသည်။

ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍

ရှင်ပေါလုက သူနှင့် တိမောတေ တို့သည် ဘုရားသခင်နှင့်အတူ အမှုတော်ဆောင်ရွက်ကြောင်း ဖော်ပြသည်။ တနည်းဆိုသော် "ဘုရားသခင်နှင့်အတူ လုပ်ဆောင်ကြသည်"။ (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်တို့သည် ဘုရားသခင်၏ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု

ဘုရားသခင်၏ ကျေးဇူးတော်အား သူတို့၏ နေ့စဉ်ဘဝတွင် အကျိုးမဲ့ မဖြစ်စေရန် ပေါလုသည် သူတို့အားတောင်းဆိုသည်။ အပြုသဘောဖြင့် ဖော်ပြမည်ဆိုပါက၊ "သင်တို့ရရှိသော ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးရှိရှိ အသုံးပြုကြရန် ငါတို့သည် သင်တို့အား တောင်းဆိုသည်။" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ဗျာဒိတ်တော် အချက်ဟူမူကား၊

"ဘုရားသခင်မိန့်ဆိုသည်မှာ" ဟူသောမိတ်ဆက် စကားသည် ပရောဖက်ဟေရှာယကျမ်းထဲမှ ကူးယူထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျမ်းစာထဲ၌ ဘုရားသခင် မိန့်ဆိုသည်မှာ" (ရှု၊ rc://*/ta/man/translate/figs-explicit)

ကြည့်ရှုလော့

အံ့ဩဘွယ်ရာသတင်းသည် လိုက်လာမည် ဖြစ်သော ကြောင့် နိုးနိုးကြားကြားရှိရန် တိုက်တွန်းသည့် စကားဖြစ်သည်။

ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု။

လူတစ်ယောက်အတွက် ခရစ်တော်ကို ယုံကြည်ကိုးစားရန် အဟန့်အတားဖြစ်စေမယ့်၊ ခန္ဓာကိုယ်အားဖြင့် ခြေချော်လဲကျစရာ အကြောင်းကို ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ချက်၊ "ငါတို့ဟောပြောသော သတင်းအား လူအများတို့သည် ယုံကြည်လက္ခံရန် မှတားဆီးမည့် မည်သည့်အရကိုမျှ ငါတို့သည် မလိုလားပါ။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ

"အပြစ်တင်ခြင်း" ဟူသောစကားသည် လူအများသည် ရှင်ပေါလု၏ အမှုတော်ဆောင်ရွက်ခြင်းကို မကောင်းကြောင်း ပြောဆိုကြသည်ကို ရည်ညွန်းခြင်းဖြစ်သည်။ ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ဆောင်ရွက်သော အမှုတော်နှင့်ပါတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ မကောင်းကြောင်း ပြောဆိုခြင်းကို မလိုလားပါ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)